15

546 65 0
                                    

အိမ်ပြန်ရောက်လို့ Laptop ဖွင့်ကြည့်တော့ Lay  ဆီကနေ mail  တစ်စောင်ဝင်နေတာတွေ့ ရသည်။ 

ဖတ်ပြီး တော့ mail  ကိုဖျက်လိုက်ပြီး သူ Laptop ရှေ့ မှာ  ငုတ်တုတ်ထိုင်နေမိသည်။ ထင်ထားသည်များ အမှန်တကယ်ဖြစ်လားပြီလား ဆိုတဲ့စိတ်က လူကို နှိပ်စက်လာသည်။  အစကတည်းက မစလိုက်ရင်အကောင်းသား။

“Yeollie သားငယ်လေး နေမကောင်းဘူး လား”

“Omma ...”

ဘေးမှာလာရပ်တဲ့ Omma  ကိုခါးကနေဖက်ရင်း ခပ်ရှည်ရှည်အသံဆွဲကာခေါ်မိသည်။အမြဲတမ်းနားလည်ပေးနိုင်ပြီး မေတ္တာတရားတွေထုံသင်းနေတတ်တဲ့ Omma  ကို သူအချစ်ပိုရသည်။ ငယ်ငယ်ကတည်းက Omma  ရဲ့ အချစ်တွေကို  အပိုင်ရခဲ့တဲ့ Park ကလေးငယ် ကိုလည်း သူအားကျရသည်။ ဒီလိုတွေဂရုစိုက်ပေးခဲ့လို့လည်း ခဏတာအိမ်နှင့် ကတောက်ကဆဖြစ်မှုသည်  Park Chanyeol  အတွက် အလွန်ခက်ခဲခဲ့ပုံပေါ်သည်။  တစ်သက်လုံး အလိုလိုက်ခံရသော ကလေးငယ်သည် မည်သည့်စိတ်ပင်ပန်းမှုကိုမှ ခံနိုင်ရည်မရှိနိုင်ခဲ့သောကြောင့် ထိုပြဿ     နာဖြစ်လာသောအခါ အလွန်ပင်ပန်းခဲ့ခြင်းဖြစ်ရမည်။

“ဘာဖြစ်တာလဲ သားငယ်ရဲ့  ကျောင်းစာတွေက ခက်လို့လား Yi fan နဲ့ စိတ်ကောက်နေလို့လား ”

“ ကျောင်းစာတွေက မခက်ပါဘူး Omma  ရဲ့  သား စိတ်ဝင်စားတဲ့ ဘာသာရပ်ပဲဟာ ကိုကို နဲ့ ကဘာလို့စိတ်ကောက်ရမလဲ သူမှာလည်း မအားတာကို သားသိသားပဲကို ..”

“ဆိုတော့  ခုဖြစ်နေတာက ”

“ ကျောင်းပြီးရင်အလုပ်လုပ်ရတော့မယ် Omma  ရဲ့  သူငယ်ချင်းတွေနဲ့တွေ့ လို့ရမှာမဟုတ်တော့ဘူး  ”

“ ဖြစ်ရတယ်သားငယ်ရယ် ခုမှ first year ပဲ ရှိသေးတာလေ ဘာတွေစိတ်ပူနေရတာလဲ ...”

ဖြစ်ရမယ်လို့ပြောပြီး တသိမ့်သိမ့်ရယ်နေတဲ့ Omma  ကိုသူငေးကြည့်မိသည်။ Omma သည်တစ်သက်လုံးမကြားခဲ့ဖူးသော Gay  ဆိုသောအဖြစ်ကို  သားငယ်ပေါ်ချစ်စိတ်တစ်ခုတည်းနှင့် လက်ခံနိုင်အောင်ကြိုးစားပေးခဲ့သည်။  သားငယ်ပျော်ရွှင်သည်ကို မြင်ချင်သောကြောင့် Wu Yi fan ကိုပင်ကြည်ကြည်ဖြူဖြူဆက်ဆံပေးခဲ့သည်။ တစ်ခါတစ်ခါ ထမင်းစားပွဲပေါ်ထိုင်ရင်း  အထင်တန်းကျောင်းသား Sucide လုပ်သည့်အကြောင်း သတင်းစာ ဖြတ်ပိုင်းငယ်ကို ကြည့်ရင်း မျက်ရည်ကျနေတတ်သေးသည်။

CauseWhere stories live. Discover now