8

566 61 0
                                    

"ကျွန်တော် ......ကောင်းပြီလေ တွဲကြမယ်"

ငြင်းမည်ဟုစဉ်းစားထားပြီးမှ 2 နှစ်တိုင်တိုင် ဘာတစ်ခုမှ စုံစမ်း၍မရသော Wu Yi fan အကြောင်းကို ပို၍သိချင်သည့်စိတ်ကြောင့် သူလက်ခံမိလေသည်။
သေချာပေါက် Luhan ကသဘောတူမှာမဟုတ်ပေ။

*******************************

"ဦးငယ် ဘာလို့လဲ ဘာလို့ ကောင်လေးတစ်ယောက်နဲ့တွဲရတာလဲ ဒီလိုကိစ္စက အဖေတစ်ယောက်တည်းနဲ့ဆို လုံလောက်ရောပေါ့ ခု ဦးငယ်ကပါ"

စကားမပြောနိုင်ဘဲ တိုးဝင်သွားတဲ့ အသံတိုးတိုးလေးနောက်မှာရှိုက်သံတွေပါကပ်ပါလာသည်။ မင်းသားလေးငိုနေတာမြင်တော့ သူ့ရင်ထဲမကောင်း။သူကပိုနာကျင်လာသည်။ သူလုပ်လိုက်တာများမှားသွားပြီလား ဟုအတွေးဝင်လာရသည်။ သို့သော် မင်းသားလေးအနားမှာနေတိုင်း လှုပ်ရှားလာသောသူ့စိတ်ကြောင့် သေဆုံးသွားခဲ့ပြီဖြစ်သော ဥက္ကဋ္ဌ Wu နဲ့ မမ အပေါ်သူအားနာရသည်။ စောင့်ရှောက်ပေးရမည့်ကလေးကို သူက။ထိုအပြင် ဒီလိုကိစ္စများသည် မင်းသားငယ် အမုန်းဆုံး ကိစ္စများလည်းဖြစ်သည်။

"ဦးငယ် ....."

"ဘာလို့လဲ ဦးငယ်ပါ ငယ်လေးအနားကထွက်သွားချင်နေပြီမလား ဦးငယ်က Gay မဟုတ်ဘူးလေ ဘာလို့ဒီလိုကိစ္စတွေ....."

"ဦးငယ် Chan ကလေးကိုသဘောကျတယ် ငယ်လေး"

"သူ့ကိုမချစ်ဘူးမလား"

"ဟင်"

"သူ့ကိုမချစ်ဘူးမလား ဖြတ်လိုက်ပါလားဦးငယ် "

မျက်ရည်လည်ရွှဲနဲ့ပြောလာတဲ့ကလေးငယ်စကားကို သူဘယ်လိုမှမတုန့်ပြန်မိခဲ့။ မင်းသားငယ်ကြောင့်ပဲသူပြုံးတတ်ခဲ့သည်။ သူသတိမထားမိလိုက်ခင်မှာပဲ သူ့ဘဝတစ်လျှောက်လုံး မင်းသားငယ်ကိုကြည့်ပြီး ရှင်သန်ခဲ့သည်။ ဥက္ကဋ္ဌWu ဆုံးပြီးနောက်ပိုင်း မင်းသားငယ်၏ အဖေကိုရှာဖွေ၍ရသော်လည်း သူရှာဖွေမပေးခဲ့။ သူ့ဘဝတွင် မင်းသားငယ်တစ်ယောက်တည်း ရှိသလို မင်းသားငယ်ဘဝတွင်လည်း သူ့တစ်ယောက်တည်းရှိစေချင်တဲ့အတ္တက ထိုအချိန်က စတင်ခဲ့သည်။ အလယ်တန်း အရွယ်ထိုကလေးငယ်ကို သူကပဲစောင့်ရှောက်ချင်နေခဲ့သည်။

CauseWhere stories live. Discover now