16

563 72 2
                                    

နောက်တစ်ရက်နေ့သူကျောင်းကဆင်းလာတော့ ကျောင်းပေါက်ဝမှာ လာကြိုနေတဲ့ Wu Yi fan ကိုတွေ့ရသည် ။မနေ့ကတည်းက တက်လာတဲ့ သတင်းတွေကြောင့်
ကျောင်းရှေ့ တွင်ရပ်နေသော  ထိုလူကြီးကို တခြားသူများက ကွက်ကြည့်ကွက်ကြည့် ကြည့်သွားကြသည်။ 

“ကိုကို ဘယ်လိုရောက်လာတာလဲ ”

“Chan  ကလေးကို လာကြိုချင်လို့ ”

သူပြုံးရွှင်စွာ စကားဆိုတော့ Wu Yi fan ကပျော်သွားဟန်။

“Chan ကလေး ကိုယ့်ကို စိတ်မဆိုးဘူးလား မဟုတ်ဘူး  မပတ်သတ်ချင်တော့တာမျိုး.....”

ကားပေါ်ရောက်တော့ သူ့ကိုငေးရင်းပြောလာတဲ့ Wu Yi fan စကားကြောင့်သူအသာပြုံးမိသည်။

“Appa ကပြောတယ်  Wu Yi fan ကအဲလိုမျိုးလုပ်မှာ မဟုတ်ဘူးတဲ့ မကြာခင်လွတ်လာလိမ့်မယ်တဲ့ Appa တောင် ကိုကို့ကိုယုံတာ ကျွန်တော်ကကိုကို့ ချစ်သူလေ ပိုယုံသင့်တယ်မဟုတ်လား ”

သူပြောအပြီး Wu Yi fan ကသူ့ကိုစိုက်ကြည့်လာသည်။ မျက်ဝန်းတွေကတည်ကြည်လေးနက်နေပြီး နှုတ်ခမ်းထောင့်စွန်းက ကော့တက်နေသည်။ ပြီးနောက် သူ့ခေါင်းကို အသာဆွဲယူလာပြီး Wu Yi fan နှုတ်ခမ်းက တစ်ဖြည်းဖြည်းချင်း သူ့နှုတ်ခမ်းနဲ့ ထိလာသည်။  အရင်ဘဝကတည်းက Mission တွေကိုပဲ အာရုံစိုက်နေခဲ့သော သူ့အတွက် နှစ်ဘဝလုံးပေါင်းမှ ဖြစ်တည်လာသော First Kiss ဖြစ်သောကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ ရင်သာအဆမတန်ခုန်လာသောကြောင့် မျက်လုံးကိုသာ အသာ မှိတ်ချလိုက်ရသည်။

“Chan  ကလေးရဲ့  First Kiss  လား ”

“ဟင် ”

ခေါင်းညိတ်မိသည်လား ခေါင်းခါမိသည်လား ကိုယ့်ဟာကိုတောင်မသဲကွဲ။  ပါးနှစ်ဖက်သာ ပူနွေးလာရသည်။  ပူချစ်လာသည်ဆိုလျှင် ပိုမှန်ပေလိမ့်မည်။  Wu Yi fan ကခပ်ဟဟ ရယ်လာပြီး သူ့ဆံပင်တွေကို ခပ်ဆဆလေး လာဖွလေသည်။

“ကိုယ်တော့ မင်းလေးကို လက်မလွှတ်နိုင်တော့ဘူး ထင်တယ်”

“မလွှတ်နိုင်ရင် သေချာလေးဆုပ်ကိုင်ထားလေ”

ခပ်ဆွေးဆွေး ပြောလာတဲ့ Wu Yi fan ရဲ့ လက်ကိုဆွဲယူကာ တင်းတင်းဆုပ်ကိုင်ရင်း သူပြောတော့ အသည်းယားဟန် ကျန်လက်တစ်ဖက်ဖြင့် သူ့ပါးကို အသာအယာ ဆွဲလာသည်။  ပြောနေတုန်းမှာပဲ  Wu Yi fan ရဲ့ ဖုန်းလာတာကြောင့် ဆုပ်ကိုင်ထားတဲ့လက်ကိုမဖြုတ်ဘဲ ကျန်တစ်ဖက်ဖြင့်  ဖုန်းကိုင်သည်။ တစ်ဖက်က ဘာပြောသည်ကို မသိရသော်လည်း Wu Yi fan ရဲ့   မျက်နှာက လိုသည်ထက် ပိုတည်နေသည်။ အင်း နဲ့ သိပြီ ထက်ပိုမပြောတဲ့ Wu Yi fan ဟာဖုန်းပြောပြီးသည်နင့် သူ့ဘက်ကိုလှည့်ကြည့်လာသည်။  မျက်နှာကသေချာ ဆုံးဖြတ်ချက် ချထားတဲ့ပုံ။

CauseWhere stories live. Discover now