13

531 64 0
                                    

“ ဒီနေ့ကိုးရီးယားပိုင် Hwanghae (Yellow Sea)
ကမ်းလွန်ပင်လယ်ထဲမှာ လက်နက်အပြည့်တင်ဆောင်လာတဲ့ ပင်လယ်ကူး သဘောင်္တစ်စီးကို ကိုးရီးယား ရေတပ်မတော်ကနေ သိမ်းဆည်းရမိပါတယ် အခင်း ဖြစ်စဉ်မှာ...........”

ဧည့်ခန်းထဲထိုင်ပြီး ကျောင်းက ပေးလိုက်တဲ့ Project အတွက် စဉ်းစားနေတုန်း TV  မှာလာနေတဲ့သတင်းကြောင့် သူမော့ကြည့်မိသည်။ Gunsan မြို့ ရဲ့  အနောက်တောင်ဘက် 56 မိုင်အကွာတွင် ကိုးရီးယားရေတပ်မတော်က ကင်းလှည့်နေတုန်း ကိုးရီးစံတော်ချိန် ည10နာရီ 32မိနစ်တွင်  ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ကုန်တင်သဘောင်္ပုံစံမျိုးနဲ့ Gunsan ဆိပ်ကမ်းကနေ ထွက်လာခဲ့ရာမှ ရေတပ်မတော်ကကင်းလှည့် သဘောင်္ နဲ့ထိပ်တိုက်တွေ့ သည်။  ကင်းသဘောင်္ကိုမြင်တော့ ထိုသဘောင်္က မရပ်ပေးဘဲ အတင်းထွက်ပြေးရာ လိုက်ဖမ်းရာမှ လက်နက်တင်ဆောင်လာသည်ကိုတွေ့ ရခြင်းဖြစ်သည်။
Ho ~ ဘယ်လောက်တောင်ဉာဏ်မရှိတဲ့လုပ်ရပ်လဲ။

သဘောင်္ အတွင်းပိုင်းကိုသေချာရိုက်ပြထားရာမှ အတွင်းဖက်အံဆွဲထဲတွင်သေတ္တာ ကြီးကို တွေ့ ရသည်။ သေတ္တာထဲတွင် သံတိုသံစအကြမ်းထည်များတွေ့ ရပြီး  ထိုအောက်တွင်မှ AK 47 ; AK 105;  P4; အမျိုးအစားသေနတ်တွေတောင်ပုံရာပုံတွေ့ ရသည်။ သေသေချာခာကြည့်မိမှ  သေတ္တာအတွင်းဘက်နံရံတွင် အနက်ရောင်လူပုံ sticker  ပါရှိသည်ကိုတွေ့ရသည် ။

Dark MeN  လား။

သူသေချာပေါက်သိသည်က Dark MeN  ပျောက်ကွယ်သွားပြီဟူ၍ ။ယခုမြင်လိုက်ရသည်ကလည်း သေချာပေါက် Dark MeN  အမှတ်တံဆိပ်ပင်။ သူစဉ်းစားပြင်ဆင်နေတဲ့ Project ကိုတောင်လှည့်မကြည့်နိုင်တော့ဘဲ computer  Keyboard ပေါ်တွင်လက်ရောက်ကာ အချက်အလက်တစ်ချို့  ရှာဖွေမိသည်။ နိုင်ငံတကာဆိုင်ရာ အဖွဲ့  အစည်းတစ်ချို့  ၏ ကန့်သတ် website  တစ်ချို့ ကို တရားမဝင် ဝင်ရောက်ပြီး လိုချင်သော အချက်အလက်တစ်ချို့  ရှာဖွေသည်။

“သားငယ် apple juice ရပြီ သောက်မလို့ဆို  လာယူလိုက်”

“ဟုတ်ကဲ့omma ”

Omma ဆီကို ဖန်ခွက်ကိုယူကာ  laptop ကိုအသာကိုင်လို့ သူ့အခန်းထဲ အမြန် တက်လာခဲ့လိုက်သည်။ 

CauseWhere stories live. Discover now