CHAPTER 17 "The New Beginning of The Same Old Life" (IV)

Magsimula sa umpisa
                                    

ဇာတ်ဆောင်မင်းသားကတော့ ခေါင်းငြိမ့်ပြပါရဲ့ ဟ.. ပြဇာတ်မှာ ဇာတ်ဆောင်မင်းသား လုပ်ရုံနဲ့တင် မလုံလောက်ဘူးပဲ.. မျက်နှာကို သုံးပြီး လက်မှတ်ဝယ်ဖို့ပါ ဆွဲဆောင်ရသေးတယ်.. သူ့သိက္ခာတော့ ကုန်ပါပြီ .. ဒါပေမဲ့ မျက်နှာဆိုတာ စားလို့မှ မရတာပဲလေ ...

"အကြံပေးချင်တာ တစ်ခုက .. ပြဇာတ်အတွက် နောက်ခံကားချပ်တွေကို လက်မှတ်ထုတ်ရတဲ့ နေရာတခုဆီ နောက်မှာ လိုက်ထားရအောင်.. ပြဇာတ်ကိုလဲ ကြေညာရာ ရောက်တာပေါ့ဗျာ"

"ကောင်းတယ်.. အရမ်းကောင်းတယ်.. တခြား အကြံပေးစရာ ရှိသေးလား?"

" ရှိပါ့ .. Khai ရဲ့ porn ခွေတွေ အကုန်ယူပြီး ရောင်းလေ.. တချို့စီးရီးတွေဆို ထောင်သောင်းဂဏန်းနဲ့ ရောင်းလို့ ရတယ်.."

"ငါ့ဟာတွေက အတုတွေကွ"

"အပြောကတော့ ကောင်းတယ်နော်"

"ငါက ငါပဲလေ.. ဒီကမ္ဘာမှာ ငါတယောက်ပဲ ရှိတာ"

Too နဲ့ Khai ရဲ့ စကားများနေကြတာက ဘေးမှာ ထိုင်နေတဲ့ သူတွေကို ခေါင်းကုတ်စေပါတယ်.. ပြီးတော့ အကူအညီလဲ မဖြစ်ပဲ တခြားသူရဲ့ အချိန်တွေကို ပုပ်စေတာလေ..

"တော်ကြပါတော့ဟ.. မြန်မြန် လုပ်ကြရအောင်.. မိုးမရွာခင် နေရာကို သွားကြတော့.. ဒီနေ့ ကောင်းကင်က မီးခိုးရောင် ဖြစ်နေတယ်"

P' Chen က စကားများနေတာတွေကို ရပ်စေလိုက်ပါတယ်.. အားလုံး လူစုခွဲလိုက်ကြပြီး ကိုယ် တာဝန်ကျရာနေရာကို သွားကြတော့တယ်.. ကံကောင်းတဲ့သူတွေကတော့ အဆောက်အအုံအတွင်းထဲမှာ တာဝန်ကျပေမဲ့ ကံဆိုးတဲ့သူတွေ ဥပမာ ကျွန်တော်တို့ အရိုင်းအစိုင်း လေးယောက်လုံးဆိုပါတော့ စာကြည့်တိုက်ရှေ့က အပြင်နေရာမှာ တာဝန်ကျပါတယ်.. စာကြည့်တိုက်ထဲမှာတော့ မဟုတ်ပါဘူး.. ပြီးတော့ စာကြည့်တိုက် လုံခြုံရေး ဦးလေးကြီးကလဲ ကျွန်တော်တို့ကို မဆိုသလောက် အကာလေးပဲ ပေးပါတယ်.. ကျွန်တော်တို့ မိုးကာဖို့တောင် မဖြစ်နိုင်လောက်တဲ့ အကာလေးပါ ..

ဖြောက် ဖြောက် ဖြောက်..

"ကြည့်.. မိုးရွာလာပြန်ပြီ"

ကံကောင်းချင်တော့ ကျွန်တော်တို့ ကားချပ်နဲ့ အကုန်လုံးကို ယူလာတာမို့ အကာလေးအောက်မှာ တန်းစီရပ်ပြီး မိုးမစိုအောင် နေနေရပါတော့တယ်..

Theory of Love (Official Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon