CHAPTER 13 "Persistence Can't Conquer the World, Persistence Conquer Hearts"(II)

8.7K 917 27
                                    

-ZAWGYI-

ဘေးက ၀ိုင်းကြည့်နေတဲ့သူတွေကတော့ တယောက် တပေါက် ပြောနေကြပါပြီ.. ကျွန်တော် အဲနေရာမှာ ရပ်ရင်း ဘာလုပ်ရမယ် မသိတော့ပါဘူး.. Khai တော့ ခွေးလို နွားလို မူးရုံတင် မဟုတ် အသိပါ လွတ်လာနေပါပြီ..

သူ စကားလုံးတိုင်း စာကြောင်းတိုင်းလိုလိုကို ကျွန်တော်တို့ ၂ ကိုယ်ကြား ကြားရုံမဟုတ်ပဲ ရှိသမျှ ကျောင်းသား ကျောင်းသူတွေအကုန် ကြားအောင် သူ ပြောနေတာပါ..

"အရင်ဆုံး စိတ်အေးအေး ထား"

ကျွန်တော် သူ့ကို ပြောလိုက်တော့

"ဘယ်လို စိတ်အေးအေး ထားရမှာလဲ? ငါ မင်းကြောင့် ရူးတော့မှာ!"

"နေအုံး Khai.. မင်း ငါ ကောင်မလေးကို နမ်းနေလို့ ထိုးတာလား?"

အခုချိန်မှာတော့ P' Un ကပါ ၀င်ပြောပါတော့တယ်.. သူ့မျက်နှာကတော့ ညိုမည်းနေပြီး သနားဖို့ ကောင်းနေပါပြီ..

"အေး!"

ဟိုငနာကတော့ တခါထဲ ပြန်ဖြေပါတယ်..

"အဲတော့.. ငါ Third ကို လိုက်နေတယ်ဆို တခြားမိန်းမကို နမ်းလို့ မရဘူးလား?"

"ဟုတ်တယ်လေ.. ခင်ဗျား ကျွန်တော်နဲ့ ယှဉ်မယ်ဆို သေချာ ယှဉ်သင့်တယ်"

"စောက်ရူးလေး.. ငါ Third နောက် မလိုက်ဘူးဟ!"

"ခင်ဗျား သုံးနှစ်သား ကလေးလို လာလိမ်မနေနဲ့.. အရင်က ခင်ဗျား လိုက်ခဲ့တယ်လေ!"

"ဘယ်တုံးက ငါ Third ကို လိုက်လို့လဲ? ငါက သူ့စီနီယာလေ.. သူ့ကို ငါက ဘာကိစ္စ လိုက်ရမှာလဲ?"

"ဒါပေမဲ့ P' Chen ပြောတာ ခင်ဗျား သူ့ကို လိုက်နေတယ်တဲ့"

ဘန်း!

အကြည့်တွေ အားလုံးကတော့ နာမည်ပါလာတဲ့ သူဆီကို ရောက်ကုန်ကြပါတယ်.. သူ ရှောင်ပြေးလို့ မရနိုင်တာ သိတာမို့ သူ ရယ်လိုက်ကာ ရီသံနှောရင်း ပြောလေသည်။

"အင်း.. ဟီး! ငါ အဖော်ခံရပြီလား? ဟ ဟ ဟ"

"Chen ! ယီးကောင်!"

"ငါ့ညီလေးကို ငါ ကာကွယ်တာ ဘာဖြစ်လဲ? မင်း အရင်ထဲက ကိုယ့်ကိုကိုယ် သေချာ မသုံးသပ်တာလေ.. အဲတော့ အခု ငါ့မျက်လုံးထဲမှာ Third က ဘာလဲ?"

Theory of Love (Official Myanmar Translation)Donde viven las historias. Descúbrelo ahora