CHAPTER 13 "Persistence Can't Conquer the World, Persistence Conquer Hearts" (I)

8.1K 979 26
                                    

-ZAWGYI-

"အဲတော့ သူ့ကို နှောင့်ယှက်တဲ့ ဘယ်သူ့ကို မဆို အလွတ်မပေးဘူး"

အဲစကားက လူအုပ်ကြီးကို အုံးအုံးကြွစေပါတော့တယ်.. မနက်ဖြန်ကျရင်တော့ လူတိုင်းလိုလို အမူးပြေပြီး ဒီကိစ္စကို မှတ်မိနေမလား မသေချာပေမယ့် ကျွန်တော် မူးနေတာတောင်မှ Khai ပြောလိုက်တဲ့ စကားလုံးတိုင်းကို မှတ်မိပါတယ်.. ဒါပေမဲ့ ပြောလိုက်တဲ့ သူကတော့ အသိစိတ် ရှိမနေဘူး ထင်ပါရဲ့ မဟုတ်ရင် သူ ဒီလို ဘယ်တော့မှ ပြောမှာ မဟုတ်ဘူးလေ..

ဒါပေမဲ့ ပိုအရေးကြီးတာက ဒီအရှုပ်ထုပ်ကို ကျွန်တော်ဖန်တီးတာမဟုတ်ဘဲနဲ့ အခုချိန်မှာ လူတိုင်းလိုလိုက ဆွဲခေါ်ပြီး မေးခွန်းတွေ မေးနေတာ တစ်ခုပြီးတစ်ခု။ လုပ်တဲ့သူက Khai ကို သူ အကောင်းဆုံး ကြိုးစားနေတယ်ဆိုတာ သူ့ကိုယ်သူ သက်သေပြနိုင်ဖို့ အခွင့်အရေးပေးလိုက်တယ် ဆိုပေမဲ့ အခုလို ဖြစ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ? ဒီသောက်ပြဿနာကောင်ကတော့ လူတိုင်း သိချင်စိတ်တွေပြင်းထန်ကုန်ပြီး ကစားပွဲကိုပါရပ်အောင် လုပ်တဲ့အထိ တာဝန်ရှိတယ်လို့ ကျွန်တော် ထင်တယ်..

"Khai က သူ မင်းနဲ့ပတ်သတ်ပြီး ဥစ္စာရူးဖြစ်နေတာကို ပြောရဲတယ်နော်"

ကျွန်တော်က ရေကန်ဘေးက ခုံတန်းရှည်မှာ လက်တွေကို ခေါင်းပေါ် မြှောက်တင်ထားရင်း ထိုင်နေပြီး ဘေးမှာတော့ ကျွန်တော့ကိုစကားပြောနေတဲ့ P' Chen နဲ့ ၂ ယောက်ထဲ ရှိနေပါတယ်.. တခြားသူတွေကတော့ သောက်စား ပျော်ပါးနေကြတာမို့ ကျွန်တော်တို့ကို ဘယ်သူမှ လာ မနှောင့်ယှက်ပါဘူး..

"ဘယ်အချိန်ထဲက ကျွန်တော်နဲ့ Khai အကြောင်းကို သိနေတာလဲ..."

ကျွန်တော် စကားမဆုံးခင်မှာပဲ ကျွန်တော်ကို ကြည့်နေတဲ့ စီနီယာကို လှည့်ကြည့်လိုက်မိသည်။

"ပြဇာတ် စထဲက ငါ သိနေတာ"

"အဲလောက် သိသာလား?"

"ငါ အရင်ထဲက သံသယဖြစ်နေတာ.. ဘာကြောင့်ဆို မင်းက အဲမဲ Khai နဲ့ပဲ တူတူရှိနေတာလေ.. ဒါပေမဲ့ ပိုပြီး သံသယဖြစ်လာစေတာက ပြဇာတ်စတော့ မင်း စီနီယာတွေနဲ့ပဲ လျှောက်သွားတော့တယ်.. အရင်အဖွဲ့နဲ့ ဝေးအောင် နေတယ်.. တခုခုကို သည်းမခံနိုင်တော့ရင် ငါတို့ ဝေးအောင် ပြေးကြတယ် ဆိုတာမျိုးလို မင်းအတွက်တော့ မင်းက Khai ဆီကနေ ရှောင်ပြေးနေတာလေ.."

Theory of Love (Official Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon