CHAPTER 9 "We Can (No Longer) Be Friends " (IV)

9.3K 1K 75
                                    

-ZAWGYI-

ကျွန်တော် သူ့အရိပ်က တဖြည်းဖြည်း ဝေးသွားတာကိုပဲ မြင်နေရပါတယ်..

ကျွန်တော် ကားပါကင်ဆီကို လျှောက်လာရင်း ကျွန်တော် ၀က်အူချောင်းကို ကျွန်တော်ပါးစပ်ထဲ ထိုးသွင်းလိုက်သည်။ ကျွန်တော်ကို နှစ်သိမ့်ပေးတာကတော့ Third က ကျွန်တော် ၀က်အူချောင်း စားရတာ ကြိုက်တယ်ဆိုတာ မှတ်မိနေသေးတာပါ.. ဒါပေမဲ့ သူ မေ့သွားတာကတော့ ကျွန်တော် မရိုးနိစ်မစားတာကိုပါပဲ.. သူ အများကြီး ထည့်ပေးလိုက်တာမို့ ကျွန်တော် ပျို့အန်မတတ်ပါပဲ..

အနုပညာဋ္ဌာန အဆောက်အအုံ မြေအောက်ခန်းကတော့ ဆူညံပွက်လောရိုက်နေပါတယ်.. ဘာကြောင့်လဲဆို ကျွန်တော်တို့ ဒီနေ့ရလာတဲ့ ပိုက်ဆံတွေကို ရေပြီး အိမ်မပြန်ခင် ပြီးအောင် စစ်ရမှာမို့ပါ.. သေချာတာကတော့ အဲဒါ စီနီယာတွေရဲ့ အလုပ်ဆိုပေမဲ့ Third က အိမ်ပြန်ဖို့ ငြင်းနေတာမို့ P' Chen မပြီးမချင်း သူ အိမ်မပြန်ဘူးပဲ ပြောနေပါတော့တာ။

သူ့ပုံစံလေးကတော့ တကယ် ချစ်ဖို့ကောင်းတဲ့ ညီငယ်လေးလိုပါပဲ.. အင်း.. သူ့ရည်းစားကတော့ မင်း သူ့ကို ဂရုစိုက်သလို လုပ်ပေးမနေဘူးလေ..

"တစ်ဝ နာရီတောင် ထိုးတော့မယ်.. ငါတို့အရင်ပြန်လို့လဲ ဘာမှ မဖြစ်ပါဘူး"

ကျွန်တော် သူ့ကို တကယ်ပဲ နားမလည်နိုင်ဘူး.. ကျွန်တော် အရင်က ဒီထက်ပိုပြီး ကျိုးကြောင်းစဉ်းစားတတ်ပေမဲ့လို့ အခု Third နဲ့ ပတ်သက်လာရင် ကျွန်တော့်မှာ အရူးတယောက်လိုပါပဲ..

"မင်း သွားချင်ရင် သွား.. ငါ့ကို မစောင့်နဲ့တော့"

"မင်း ဘာတွေပြောနေလဲ? တူတူလာတာ.. တူတူပြန်ရမှာပေါ့"

"P' Chen နဲ့ P' Un ရှိနေတာပဲ.. သူတို့ ငါ့ကို လိုက်ပို့ပေးလိမ့်မယ်"

"P' Un က ကောင်းပါတယ်.. ဒါပေမဲ့ မင်းကို လိုက်ကပ်နေတာ ငါ မကြိုက်ဘူး"

"မင်းလဲ ငါ့ကို လိုက်ကပ်နေတာပဲလေ"

"အား! ငါ့ကိုယ်ငါ မကြိုက်ဘူး.. ငါ ဘာတွေ ဖြစ်နေလဲ မသိဘူး!"

"... ..."

ကျွန်တော်ကို ကျွန်တော် မုန်းတယ်.. ဘာကြောင့်ဆို ကျွန်တော် ရင်ဘတ်ကြီးက မကြာခင် ပေါက်ထွက်တော့မဲ့ ဆည်လို ဖြစ်နေပြီ.. ကျွန်တော် သူ့ကို ဆုံးရှုံးရမှာ ကြောက်တယ်.. ကျွန်တော် အရာရာတိုင်းအတွက် အရမ်း နောက်ကျသွားမှာ ကြောက်တယ်..

Theory of Love (Official Myanmar Translation)Where stories live. Discover now