CHAPTER 11 "Being Fierce Is a Way to Express Love" (IV)

7.9K 944 26
                                    

-ZAWGYI-

တောက် တောက် တောက်!

တံခါးခေါက်သံကြားလိုက်တဲ့အချိန်မှာ ကျွန်တော် ကြိတ်ဆဲလိုက်မိပြီးတော့မှ တရွက်တိုက် သွားကာ ဖွင့်ပေးလိုက်လေသည်။ တံခါးသွားဖွင့်ပေးလိုက်တဲ့ လမ်းတလျှောက်ကတော့ ကောင်းကင်ဘုံပါပဲ.. ဘာကြောင့်ဆို လမ်းတဖက်မှာ ရှိနေတဲ့သူက Third လေ..

"Third"

"ကဲ.. မင်း ပြီးပြီလား?"

ကျွန်တော် တံခါးဖွင့်လိုက်တာနဲ့ သူ မေးလိုက်တယ်လေ.. ဒါပေမဲ့ ကျေးဇူးပြုပြိး ငါ့ပုံစံကို အရင် ကြည့်ပါအုံး

"ဟင့်အင်း.. ငါ ကြက်ဥကြော်နေတုံး"

"ကြက်ဥကြော်? မင်းက?"

"စမ်းကြည့်တာ.. ဒါပေမဲ့ အဲဒါက ကျက်တောင် မကျက်ဘူး"

အဲလို ပြောလိုက်တော့ အသေးလေးက ကျွန်တော်မီးဖိုချောင်ထဲကို လျှောက်ဝင်သွားကာ ကြက်ဥ ထည့်ထားတဲ့ အိုးကို ကြည့်နေလေသည်။

"ဆီမှ မပူသေးပဲ.. မင်း ဘာလို့ ကြက်ဥကို လောပြီး ထည့်ချလိုက်တာလဲ?"

"ငါ ပြောချင်တာ အဲဒါပဲ"

"အနှစ်ကလဲ ပေါက်သွားပြီ.. မင်းလုပ်ထားတာ ရှုပ်ပွနေတာပဲ"

"အဲတော့ အခု ဘာလုပ်ရမလဲ?"

"အဲဟာကို လွှင့်ပစ်လိုက်တော့"

ကျွန်တော် ဘာမှ မလုပ်နိုင်ခင်မှာပဲ အသေးလေးက ဘေးမှာ ရှိနေတဲ့ စင်ပေါ်က ဘာမှန်းမသိတဲ့ အရာကို အိုးထဲ လောင်းထည့်လိုက်ပြီးနောက် ချစ်ဖို့ကောင်းတဲ့ အသံလေးနဲ့

"ငါ လုပ်ပေးမယ်.. မင်း ခုံမှာထိုင်နေ.."

"ငရုတ်ကောင်း ထည့်ပေးနော်"

"ဟုတ်ပြီ"

"ခရမ်းချဉ်သီးဆော့စ်ရော"

"ငါက မင်းအိမ်ဖော်လား?"

ကျွန်တော် သူပြောတာကို နားထောင်တော့ပဲ ခုံမှာ သွားထိုင်လိုက်ကာ အသေးလေး ကျွန်တော် စားဖို့အတွက်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ပေးနေတာကို လိုက်ကြည့်နေလိုက်မိသည်။

ကျွန်တော်တို့ အရိုင်းအစိုင်းလေးယောက်ထဲမှာတော့ Third တစ် ယောက်ပဲ ဟင်းချက်တတ်တာပါ.. သူကပဲ ကျွန်တော်တို့ ဗိုက်ပြည့်အောင် လုပ်ပေးနေတာ.. အရင်က ကျွန်တော် သတိမထားမိပေမဲ့လို့ အခုချိန်မှာတော့ မနက်တိုင်းလိုလို တယောက်ယောက်က ကျွန်တော်အတွက် မနက်စာ ပြင်ပေးရင် သိပ်ပျော်ဖို့ကောင်းမှာလို့ တွေးနေမိတယ်..

Theory of Love (Official Myanmar Translation)Donde viven las historias. Descúbrelo ahora