CHAPTER 12 "If You Want to Make a Move, Why Hiding It?" (I)

8.6K 1K 28
                                    

-ZAWGYI-

ဘန်း!!

ကျွန်တော် မြေပေါ်ကို ထိုင်ကျသွားခဲ့တယ်.. တခြားကြောင့် မဟုတ် အခုပဲ ကျွန်တော် ကျေကျေနပ်နပ်ကြီး နမ်းလိုက်တဲ့သူက ကျွန်တော်ကို ထိုးချလိုက်လို့ပါ.. သူ့မျက်နှာကတော့ ကျွန်တော်ကို အခုချက်ချင်း အရှင်လတ်လတ် မီးရှို့ပစ်ချင်နေတဲ့ ပုံပါပဲ..

"ဘယ်လို စောက်တလွဲ လုပ်တာလဲ?!"

ကျွန်တော် ပြန်မထနိုင်ခင်မှာပဲ Third က ကျွန်တော်မျက်နှာကို ထပ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီလေ.. ကံကောင်းစွာပဲ ရှိနေတဲ့သူတွေထဲက တယောက်က ကျွန်တော်အသက်ကို ကယ်လိုက်ပါတယ်.. မဟုတ်ရင် ကျွန်တော်တကိုယ်လုံး Third ခြေရာတွေချည်းပဲ ဖြစ်နေတော့မှာ..

အမ Bua ကတော့ ကျွန်တော်ကို ကာကွယ်ဖို့ ရောက်လာပြီး P' Chen က Third ကို ဆွဲထားပါတော့တယ်..

"မင်း ဘာလို့ ဇာတ်ညွှန်းအတိုင်း မလုပ်တာလဲ?"

ကျွန်တော် ထရပ်နိုင်ဖို့ ကူပေးခံရပြီးတဲ့နောက်မှာတော့ P' Un က မေးပါတော့တယ်.. သူ ကျွန်တော်ကို အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေပါတယ်.. ပြီးတော့ ကျွန်တော် သူ့ကို သဘောမကျတာ တော်တော်လဲ ကြာပါပြီ.. အဲတော့ ကျွန်တော် သူ့မေးခွန်းကို သေချာမဖြေပဲ ကျွန်တော် လက်ချာပေးလိုက်ချင်တာမို့

"ကျွန်တော် ဇာတ်ညွှန်းအတိုင်း မလုပ်လို့လား? ကျွန်တော် ဒီအခန်းကို မှတ်မိတယ်"

"မင်း ဘယ်က စောက်တလွဲကို မှတ်မိတာလဲ! ငါ အဲဒါမျိုး မရေးဘူး"

Third ကတော့ တုန်ရီစွာနဲ့ နာကျင်သလို ကြည့်ကာ အော်ပြောတော့ ကျွန်တော် စိတ်ရှုပ်သွားပြန်ရော။ ကျွန်တော် တကယ် သွားပြီး နောက်တခေါက် သူ့ကို နမ်းပစ်ချင်သေးတာ ကျွန်တော် သူရဲ့ တုန်ရီနေတဲ့ ပါးစပ်ကို ကြည့်ရတာ မကြိုက်ပေမဲ့ သူရဲ့ အဲနှုတ်ခမ်းတွေက ကျွန်တော်အကြည့် မခွာနိုင်အောင် ဆွဲဆောင်နိုင်လွန်းတယ်

"ငါ အရင်က ကျက်ခဲ့တဲ့ မင်းသားဇာတ်ညွှန်းထဲမှာ ဒီအခန်း ပါတာ မှတ်မိတယ်.. ဘာဖြစ်တာလဲ? ဒီလောက်လေး မှားတာ အရမ်းကြီးကျယ်သွားလို့လား?"

Theory of Love (Official Myanmar Translation)Where stories live. Discover now