CHAPTER 11 "Being Fierce Is a Way to Express Love" (IV)

Start from the beginning
                                    

ကြက်ဥကြော်ကတော့ စားပွဲပေါ် ရောက်လာပါပြီ.. ကြက်ဥကြော်ဟာဆိုရင်ဖြင့် အရမ်းကို လှပပြီးတော့ တူးတဲ့နေရာဆိုတာ လုံးဝ မရှိပါဘူး.. ကြည့်ရတာတောင် ပျော်ဖို့ကောင်းတဲ့ ကြက်ဥကြော်ပါပဲ

"ငါ ကြက်ဥဆို ကျက်အောင် ကြော်ထားရင် ကြိုက်တယ်ဆိုတာ မင်းမှတ်မိတာပဲ"

"အေး.. မြန်မြန်စား"

"ငရုတ်ကောင်းနဲ့ ဆော့စ်အနံ့လဲ ရတယ်"

"မင်းက ကောင်းမှ စားတတ်တာလေ.. ဒါပေမဲ့လဲ မင်းအိမ်မှာ ဒါပဲ ရှိတယ်"

"တူတူစားမလား?"

"မင်းတယောက်စာတောင် မလောက်တာ.. အဲတော့ မြန်မြန်စားပြီး ကျောင်းသွားဖို့ မြန်မြန် ပြင်တော့"

"ထိုင်နေလေ.. မင်းရပ်နေတာ ကြည့်ရတာ ပင်ပန်းတယ်"

Third ပုံစံက အလိုမကျတဲ့ပုံ ပေါ်နေသည့်တိုင် သူ ကျွန်တော်စကားကို နားထောင်ကာ ထိုင်လိုက်ပါတယ်..

အခုတော့ ကျွန်တော် လုပ်ရမှာက ကြက်ဥစားရင်း ပြောစရာ စကားရှာဖို့ပါပဲ..

"မနေ့က ဇာတ်ကား ကြည့်ခဲ့လား?"

"အင်း.. Bone ရယ် Too ရယ်နဲ့ ကြည့်ခဲ့တယ်"

ကျွန်တော် မှတ်မိတာတော့ အဲ ၂ ကောင် ဇာတ်ကားကို လိုက်ပြောပြောင်နေတာပါပဲ..

"{Fifty Shades of Gery} ကြည့်ပြီး မင်း ဘယ်လိုထင်လဲ?"

"ငါ မင်းလို နှာဘူး မဟုတ်ဘူး"

"အဲတော့ မင်း Too အခန်းထဲမှာ ဘယ်အချိန်ထိ အိပ်တာလဲ?"

"မနက်"

"သူများအိမ်တွေမှာ ညသွားမနေနဲ့.. အရမ်းနောက်ကျနေမှန်းသိရင် အိမ်ပြန်"

"မင်းက ဘာမို့လို့လဲ? လွန်လာပြီ"

"မင်းက ငါ့ကို ဘာဖြစ်စေချင်လဲ?"

"မင်းမှာ ကောင်မတွေ များတာ မဆန်းပါဘူး.. ဆက်လုပ်.. မရပ်နဲ့.. ဆက်လုပ်.."

"Wow! ကြက်ဥက မကျက်သေးဘူး~"

ရုပ်ချောတာအပြင် ကျွန်တော်ရဲ့ ကောင်းလွန်းတဲ့ ဦးနှောက်နဲ့ ဥာဏ်ကို သုံးပြီး ပြောလို့ မဖြစ်နိုင်တဲ့ စကားလမ်းကြောင်းကို မရောက်အောင် ပြန်ဆွဲလှည့်ရပါတော့တယ်.. အဲ စကားလမ်းကြောင်း ၂ ခုမှာ တခုကတော့ မိန်းမတွေနဲ့ နောက်တခုကတော့ ကျွန်တော်ရဲ့ အတိတ်မည်းကြီးပါ..

Theory of Love (Official Myanmar Translation)Where stories live. Discover now