ထိုလူကြီးလက်​ညိုးညွှန်​ပြရာ တစ်​လျှောက်​လုံးကို တ​မေ့တ​မောကြီး​ငေး​နေမိသည်​။​ရေကန်​ဆိုတာကလည်း အကြီးကြီးပင်​။​ရေကန်​ပတ်​ပတ်​လည်​မှာ စိုက်​ပင်​ပျိုးပင်​သီးပင်​စားပင်​စသဖြင့်​ အပင်​တချို့လည်းရှိ​သေးသည်​။

​ရေကန်​ရဲ့တဖက်​ခြမ်းမှာ​တော့ ပန်းပွင့်​လှလှ​လေး​တွေကို​ အများအစားပင်​တွေ့လိုက်​ရသည်​။ဒါ​တွေက တကယ်​ပဲ အိပ်​မက်​တွေလား။

"ကဲ မျက်​နှာသစ်​ချေ"

​နေရာစိမ်းမှာ​ကောင်​လေး​နေသားကျဖို့ အချိန်​အ​တော်ယူရ​ပေဦးမည်​။​ကြည်​လဲ့ကာ စိမ်းမြ​နေတဲ့​ရေရိပ်​မှာ ထင်​နေတဲ့​ကောင်​လေးရဲ့ပုံ။လက်​က​လေးနဲ့ တို့ထိကြည့်​မိ​တော့ လှိုင်း​လေး​တွေကြား ပုံရိပ်​ငယ်​လူးလွန့်​သွားတာကို ကြည့်​နေမိသည်​။

အိန်​ဂျယ်​ကို​ တွေ့ချင်​တယ်​။

မျက်​နှာသစ်​ရမယ်​တဲ့။အ​တွေးနဲ့အတူ​ ရေကိုလက်​နဲ့ပဲ ခပ်​ယူလိုက်​ကာ ဖြစ်​သလိုသစ်​ချလိုက်​သည်​။​ကြေးအထပ်​ထပ်​နဲ့ အင်္ကျီကို​ယောင်​ယမ်းကာ သုတ်​လိုက်​မိသည်​ကို​ ကောင်​လေးမသိလိုက်​။

"သွားစို့"

အတန်​ကြာသွားပြီးတဲ့​နောက်​ အိမ်​အကြီးကြီး​ရှေ့မှာ ရပ်​သွားသည်​။ထို့​နောက်​ ကောင်​လေးဘက်​လှည့်​လာပြီး သူ့လို ကိုယ်​ခန္ဓာအားရုံ့ရုံ့​လေးလုပ်​ရန်​ မျက်​နှာရိပ်​မျက်​နှာကဲ ပြလာသည်​။

အဆင်​ပြေပြီဆိုမှ​ အိမ်​ကြီးထဲကိုဝင်​လာခဲ့သည်​။​ပြောင်​လက်​နေတဲ့ကြမ်းပြင်​ကိုကြည့်​နေ​သော​ ကောင်​လေးရဲ့မျက်​လုံးထဲမှာ ကြယ်​က​လေး​တွေ လင်း​နေ​သ​ယောင်​ရှိသည်​။

​ခေါင်းငုံ့ထားရတာမို့ မျက်​လုံး​တွေကိုသာ ဘယ်​ဘက်​ထောင့်​ကပ်​ကြည့်​လိုက်​ ညာဘက်​ထောင့်​ကပ်​ကြည့်​လိုက်​လုပ်​နေရသည်​။ခပ်​ဖွဖွ​ခြေသံ တစ်​ခု​နောက်​မှာ  သခင်​လေး ဟူ​သော အသံကို ဦး​လေးကြီးဆီမှ ကြားလိုက်​ရသည်​။

တခါက ရှူရှိုက်​ဖူးတဲ့ ရနံ့သင်းသင်း​ကြောင့်​ ခေါင်းဆတ်​ခနဲ​ထောင်​ကာ ကြည့်​လိုက်​မိသည်​။ဟင်​ အိန်​ဂျယ်​။

❝အိန်ဂျယ်တွေရဲ့ရာဇဝင်❞​Where stories live. Discover now