▇▇ 10 ▇▇

1.4K 200 14
                                    

"Hyung Januaryကို ချစ်​လား "

Jonginက Kyungsooပုခုံး​ပေါ် ​ခေါင်းမှီထားသလို လက်​​တွေကလည်း Kyungsooခါးကို သွယ်​ဝိုက်​လို့ဖက်​ကာထား​သေးသည်​။

အချိန်​​တွေအကြာကြီး စကားမ​ပြောပဲ Kyungsooပုခုံး​ပေါ်မှီထားတာမို့
Jonginအိပ်​​ပျော်​သွားပြီလို့​တောင်
Kyungsooက ထင်​​နေခဲ့တာ။

"arni Hyungက Jonginကို ချစ်​တာ"
ပြန်​​ဖြေလာတဲ့Kyungsooအ​ဖြေ​ကြောင့်
Jonginက ​ခေါင်း​လေး​ထောင်​လာပြီး
မျက်​လုံး​လေး​တောင်​ဝိုင်းလို့
မယုံနိုင်​ဖြစ်​​နေတယ်​ 

နောက်​အ​တော်​ကြာမှ Jonginရဲ့
မျက်​နှာ​ချော​ချောထက်​ အပြုံးကြီးကြီးက
ဖြစ်​လာတယ်​။

"aigooo ကျွန်​​တော်​လည်း Hyungကို အရမ်းချစ်​တယ်​!...arni အချစ်​ဆုံးပဲ....!"

*ပြွတ်​စ်​*

Jonginက ​ပြောလည်း​ပြော Hyungပါးပြင်​နုနုကိုပါ ဖိကပ်​နမ်းရှိုက်​ပြစ်​လိုက်​တယ်

မျက်​နှာသစ်​ထားတာမို့ Hyungဆီက
ချယ်​ရီရနံ့သင်းသင်း​လေးကို Jonginရလိုက်​တယ်

Hyungက​တော့ Jonginနမ်းလိုက်​တဲ့ သူ့ပါးပြင်​ကို ပွတ်​ပြီး မျက်​​မှောင်​​လေး​တွေ
ကျုံ့​နေ​ပေမယ့်​ Hyungနှုတ်​ခမ်း​တွေက
ပြေ​လျော့လို့ ပြုံး​ယောင်​​ယောင်​​လေးဖြစ်​​နေတာကို Jonginသိတာ​ပေါ့

"ဒါ​ပေမယ့်​ Januaryကိုလည်း ချစ်​တယ်
ကျွန်​​တော်​​တို့ နှစ်​​ယောက်​ရဲ့ birthday month​လေးမို့လို့ ခုနှစ်​မတူ​ပေမယ့်​ ရက်​က
တစ်​ရက်​ပဲခြားတာ ဘယ်​​လောက်​ တိုက်​ဆိုင်​မှုမျိုးလဲ  "

Jonginပြုံးကာ ​ပြော​တော့ Hyungက
Jongin​ပေါင်​တစ်​ဖက်​ကို မနာ​အောင်​ လှမ်းရိုက်​ရင်း

"ပထမဆုံးအကြိမ်​လည်းမဟုတ်​​တော့ဘူး
ဒါကို ​မွေး​နေ့​ရောက်​တိုင်း
တိုက်​ဆိုက်​ပါတယ်​ဆိုပြီး ထူးဆန်း​နေတုန်းပဲလား Kim Jongin shii "

Kyungsooက ​ပြော​တော့ ဝက်​ဝံညိုဟာ
နှုတ်​ခမ်း​လေး​တွေဆူထွက်​လာပါပြီ

နှစ်​​ယောက်​အတူ​ကျော်​ဖြတ်​လာခဲ့တဲ့
Januaryလ​တွေ birthday date​တွေက
နှစ်​​တွေ​ပြောင်းလာသည့်​တိုင်​ Kyungsoo​ဘေးက ဝက်​ဝံ​လေးက​တော့ အကြိမ်​တိုင်း
ပျော်​ရွှင်​လို့မြူး​နေတတ်​တယ်​...

More ThanWhere stories live. Discover now