▇▇ 4 ▇▇
1.9K 219 2
Manilaမှာ လုပ်​မယ့်​ ElyXiOn concertအတွက်​ ဒီ​နေ့မနက်​အ​စောကြီးထဲက airportဆင်းကြရမှာ ။
ဟိုးအရင်​ Debutခါစ​တွေက​တော့
Airportဆင်းတာကအစ အ​သေးစိတ်​​သေချာပြင်​ဆင်​ဝတ်​စားကြပြီး မနက်​မလင်းခင်​ကတည်းက member​တွေ အလုပ်​ရှုပ်​​နေတတ်​ကြတယ်
အခု​တော့ aiportဆင်းဖို့ အချိန်​က
နာရီဝက်​​လောက်​သာလို​တော့​ပေမယ့်
အကုန်​လုံးက အိပ်​​ကောင်း​နေတုန်းရှိ​သေး။
Manager Hyungက လာနှိုးမှသာ
ထပြီး မျက်​နှာ​လေးသစ်​ ဗီဒိုထဲက ​တွေ့တဲ့ အင်္ကျီ​ကောက်​စွတ်​ maskယူ ဦးထုပ်​ကို ခပ်​ငိုက်​ငိုက်​​ဆောင်းကြပြီး ကိုယ်​စီကား​ပေါ်တတ်​ကြ​တော့တာ။
အသန့်​ကြိုက်​တတ်​တဲ့Umin Hyungက လွဲလို့ ကျန်​တဲ့သူ​တွေက မနက်​​စော​စော 
လေဆိပ်​များ ဆင်းပြီဆို
နထရယ်​ဘူးသီးမျက်​နှာရယ်​....
တစ်​ခါတစ်​ခါ ​ကျေမွ​နေတဲ့ အင်္ကျီ​လေးရယ်​နဲ့ Airport​ရောက်​လာတတ်​ကြတယ်​။
*​ဒေါက်​.....​ဒေါက်​*
"ထကြ​တော့​နော်​ အချိန်​ကပ်​​နေပြီ "
Kyungsooမျက်​နှာသစ်​ပြီးထွက်​လာ​တော့ အခန်းတံခါးကို Minseok Hyungက လာ​ခေါက်​ပြီး အပြင်​ဘက်​က​နေပဲ ထကြဖို့ ခပ်​ကျယ်​ကျယ်​လှမ်း​အော်​သွားသည်​ 
အိပ်​စင်​ အ​ပေါ်ဆုံးထပ်​က​နေ Chanyeolက ယိုင်​တိုင်​တိုင်​နဲ့
အရင်​ဆုံး ဆင်းလာပြီး
bathroomထဲဝင်​သွား​လေရဲ့
"Jongin ထ​တော့​...လာ ...​ကား​ပေါ်မှ ပြန်​အိပ်​​နော်​ "
Kyungsooက အိပ်​စင်​ဒုတိယထပ်​ကို
တက်​သွားပြီး Jonginကို နှိုး​နေသည်
အနည်းငယ်​​လေးတဲ့ Jonginကိုယ်​ကို ဆွဲထူရင်း ပွရှုပ်​​နေတဲ့ ​အညို​ရောင်​ဆံပင်​​တွေကို
အဲ့​တော့မှ မျက်​လုံး​လေး​တွေ အနည်းငယ်​ ပွင့်​လာတဲ့ Jonginက
"Hyung...."လို့ ခပ်​တိုးတိုး​ခေါ်ရင်း
Kyungsooကို ပြုံးပြ​နေ​သေးသည်
"အင်း...ထ​တော့​နော်​ "
"ငါ ထွက်​နှင့်​ပြီ​နော်​ "
More ThanWhere stories live. Discover now