"Jongin..."
လှုပ်ရှားကူးသန်းပြီးအလုပ်များနေသော လူတစ်စုနဲ့ ဝင်ချည်ထွက်ချည်
အခန်းကျယ်ထဲ နာမည်ခေါ်သံက
တိုးဝင်ပျောက်ကွယ်လု တိုးညှင်းပါသောလည်း ရည်ရွယ်သူကိုတော့ဖြင့် ကြားစေပါလိမ့်မယ်။ သို့သော် သူက လှည့်၍ပင် မကြည့်။"Jongin ..."
ထပ်တခါ ခေါ်သံတိုးညှင်းညှင်းက ပျံ့လွင့်လာသော်လည်း အနှီလူသားသည် တုံ့ပြန်ခြင်းမရှိသေး။ မျက်ဝန်းတို့က ပိတ်ထားလျက် ငြိမ်သက်စွာ။
နှုတ်ခမ်းကို ပန်းသွေးကြွလာစေရန် အဆီဖျော့ဖျော့ဆိုးပေးနေသည့် MakeUp Artist Noonaက Jonginကို အထူးအဆန်းသဖွယ်ကြည့်လာသည်။
နောက် Jonginဘက် ကြည့်ကာနေသော Kyungsooကို လှည့်ကြည့်သည်။
ခါတိုင်းကများ Kyungsooက Jonginလို့ ခေါ်လိုက်ရင် ပြုံးရွှင်သွားတတ်တဲ့ Jonginက ထူးဆန်းစွာ Kyungsooအား လျစ်လျူရှုနေခဲ့သည် မဟုတ်လား။
Jonginစကားပြန်ဆိုရန် မျှော်လင့်နေတဲ့Kyungsooက လက်လျော့လိုက်ရင်း
ထိုင်ခုံကို ပြန်လှည့်ကာ သွားတော့သည်Jonginကတော့ မျက်ဝန်းအစုံတို့
ပိတ်ထားမြဲ ။
အိပ်ပျော်နေသည်မဟုတ်တဲ့အကြောင်း
လှုပ်ကာနေတဲ့ မျက်ခွံ့မို့မို့က
သက်သေပြလို့နေသည်။"Jongin ဘာဖြစ်နေတာလဲSehun "
Kyungsooက ဖျော်ဖြေဖို့ ဝတ်စုံပြည့်ဝတ်ပြီးတာနဲ့ ခပ်လှမ်းလှမ်းက Sehunဆီ လျှောက်သွားကာ သိချင်တာကို မေးမိသည်
"Jongin? ဟင့်အင်း Hyungတောင်
မသိတဲ့ဟာ
ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ "Sehunက အပေါ်ထပ်ကုပ်ကို ဝတ်နေရင်းက ခေါင်းကို ယမ်းကာ ဖြေသည်။
Kyungsooက သက်ပြင်းချလိုက်ရင်း
Sehunအနားက ထွက်လာခဲ့တော့
ရှုးဖိနပ်ကြိုးတွေနဲ့ အလုပ်ရှုပ်နေတဲ့Jonginကို တွေ့လိုက်ရတယ်ကြည့်ရတာ
Stylistတွေက ချည်ပေးဖို့မေ့သွားခဲ့တာဖြစ်မယ် သူတို့လည်း Memberတွေအကုန်လုံးကို လစ်ဟင်းသည်မရှိရအောင် အစစ ဂရုစိုက်သည်ဆိုပေမယ့် ဖိနပ်ကြိုးလောက်ထိတော့ ခေါ် စည်းခိုင်းဖို့က အားနာဖို့ကောင်းတာမို့ သူတို့မေ့ပြီး မချည်ပေးသွားခဲ့ရင်
ကိုယ့်ဘာသာပဲ ချည်ရတော့တာပေါ့
YOU ARE READING
More Than
Fanfictionကိုယ်တို့ တစ်ယောက်ကို တစ်ယောက်ချစ်ကြတယ်.... ပျော်ရွှင်ခြင်း....ဝမ်းနည်းခြင်း... မြတ်နိုးခြင်း...ရယူလိုခြင်း... ပေးဆပ်ခြင်း....မျှဝေခြင်း... တစ်ယူသန်ခြင်း...သဝန်တိုခြင်း... နားလည်ခြင်း ...စတဲ့.... လူသားဆန်တဲ့ ချစ်ခြင်...