▇▇ 8 ▇▇

1.6K 220 4
                                    

"Hyung ...."

"Hyung...."

"Hyung...."

Jonginက သူ့တစ်​ကိုယ်​လုံး
Kyungsooကို မှီတွယ်​ကာထိုင်​ရင်း
ခါးကိုပါ ကျစ်​​နေ​အောင်​ဖတ်​ထားပြီး
တစ်​Hyung...Hyungနဲ့ အီကာ ချွဲလို့​နေ​လေရဲ့

"​လေယာဉ်​​ပေါ်မှာ တစ်​ချိန်​လုံးလည်း
အိပ်​မသွားနဲ့​နော်​  ​ခေါင်း​နောက်​သွားလိမ့်​မယ်​ "

Kyungsooက အိတ်​တစ်​ခုထဲကို
အစာ​ပြေမုန့်​​အချို့နဲ့ ​ဆေး.. အချို့ကို ​နေရာတကျထည့်​​ပေး​နေသည်

Jonginက​တော့ ​Kyungsoo​ပြောသမျှ​တွေကို ​ခေါင်း​လေးတငြိမ့်​ငြိမ့်​နဲ့

"​နောက်​ ဖုန်းကို လည်း batteryကုန်​​တော့မယ့်​အထိ အကြာကြီးမကြည့်​ရဘူး​နော်​ "

"အွင်း..."

Jonginက Kyungsooပုခုံး​ပေါ် မျက်​နှာအပ်​ထားရင်း ​ဖြေတာမို့ အသံက ဝူးဝါးဝါးနဲ့

Kyungsooက အိတ်​ထဲထည့်​ဖို့ ဘာ​တွေကျန်​​နေဦးမလဲ စဉ်းစားပြီး ဘာမှမကျန်​​တော့တာ​သေချာမှ ဇစ်​ကို ပိတ်​လိုက်​တယ်

"​တစ်​အင်းအင်းနဲ့ ပြီး​တော့မှ
စကားနားမ​ထောင်​နဲ့​နော်​ Kim Jongin shii "

Kyungsoo​ပြော​တော့ Jonginက သွား​လေးဖြီးလို့ ရယ်​လာတယ်

"တစ်​​ယောက်​တည်း သွား​နေရမှာ
ပျင်းစရာကြီး "

Jonginတစ်​ခါထပ်​ပြီး နှုတ်​ခမ်း​တွေစူလာရင်း Kyungsooကို ပြန်​မှီလိုက်​တယ်

Jonginက ဂျပန်​ကို ရုပ်​ရှင်​ရိုက်​ဖို့အတွက်
တစ်​​ယောက်​တည်းသွားရမှာ

ရက်​​တွေလည်းကြာမည်​ဖြစ်​တာမို့
Jonginက Kyungsooကို
အချိန်​အကြာကြီး မ​တွေ့ရမှာ​ကြောင့်
မသွားချင်​ဘူး

"​တစ်​​ယောက်တည်းလည်း​​​ အ​ကောင်းဆုံး
Jonginက လုပ်​နိုင်​မှာ Hyungကသိတယ်​"

Hyungက ဒီလို​ပြော​တော့ Jonginအတွက်
အား​ဆေးတစ်​ခွက်​လိုပဲ

"ဒါဆို airportကို​ လိုက်​ပို့​ပေးပါလား
Hyung ...ဟင်​ "

"အဲ့လိုမရတာ သိရဲ့သားနဲ့ Jonginရဲ့
Hyungမှာလည်း shootingတစ်​ခုရှိတယ်​​​လေ "

More ThanWhere stories live. Discover now