▇▇ 1 ▇▇

4K 328 1
                                    

မုန်းလိုက်​တာလို့ ​ပြောမထွက်​နိုင်​​လောက်
အောင်​အထိ ချစ်​မိခဲ့သည်​။

++++++++++++++++

ပုလင်းအလွတ်​များစွာက ​ထောင်​လျက်​သား​ရော လဲကျလျက်​သား​ရော စားပွဲ​ပေါ်မှာ
ရှုပ်​လို့....
ဆေးလိပ်​ပြာ​တွေ
ေ​ဆးလိပ်တိုအပိုင်းအစ​​တွေကလည်း
အနှံ့အပြား...ပြန့်​ကျဲ​နေတယ်​....

အလုံပိတ်​အခန်းထဲ
လေ​အေး​ပေးစက်​​ကြောင့်​ ​လေထုက ​အောက်​သိုးသိုးအနံ့ကလှိုင်​​နေတယ်​...

ဖော့စ​တွေထွက်​​နေတဲ့ ဆိုဖာ​ပေါ်မှာ
အ​ပေါ်ပိုင်းအဝတ်​ဗလာနဲ့လူတစ်​​ယောက်​က
လှဲ​နေတယ်​...

ေ​သာက်လက်စ​​အရက်​ခွက်​ကို
မကိုင်​နိုင်​​တော့တဲ့အထိ ထိုလူက မူး​နေပြီး
ဗလုံးဗထွးနဲ့ ပါးစပ်​က တတွတ်​တွတ်​​ရေရွတ်​​နေသည်​...

အခန်းတံခါးချပ်​ပွင့်​လာပြီးတဲ့​နောက်
ဝင်​​ရောက်​လာတဲ့လူက ချက်​ခြင်းပဲ
နှာ​ခေါင်းကို လက်​နဲ့အုပ်​​ရင်း
ပြတင်း​ပေါက်​​တွေကို ​ပြေးဖွင့်​သည်​။

' အရက်​နံ့​တွေ​ရော ​ဆေးလိပ်​နံ့​တွေ​ရော
မွှန်​ထူ​နေတာပဲ!'

အပြင်​​လေ​ဝင်​လာမှ အသက်​​အောင့်​ထားတာကို ​လေမှုတ်​ထုတ်​ပြီးမှ
စကား​ပြောနိုင်​​တော့သည်

'Jongin ထ!'

ဆိုဖာ​ပေါ်မှာ အိပ်​​နေတဲ့ Jonginကို
ခပ်​ဆတ်​ဆတ်​က​လေးရိုက်​ကာ နှိုး​တော့
မျက်​ဝန်းတို့က ​ဖြေး​လေးစွာပွင့်​လာသည်
နောက်​ နှုတ်​ခမ်း​လေးတွန့်​သည်​ဆိုရုံ လှုပ်​ရှားပြီး မျက်​ဝန်းတို့က ပြန်​မှိတ်​ကျသွားသည်
အရည်​ကြည်​ကြည်​ကလည်း တစ်​ပြိုင်​နက်
စီးကျလာသည်​..

တစ်​ခဏ​လေး မြင်​လိုက်​ရတဲ့ မျက်​ဝန်းညို​တွေမှာ အ​ရောင်​စုံ​သော ​ကြေကွဲမှု အပိုင်းအစ​တွေနဲ့........
အထင်​ရှား အသိသာဆုံး​သော နာကျင်​ခြင်းအ​ငွေ့အသက်​​တွေ....

"ဟက်​! Suho hyung "

မျှော်​လင့်​​နေပါ​သောသူမဟုတ်​သဖြင့်
စိတ်​ထဲ ဝမ်းနည်းခြင်းက လှိုက်​ကာတတ်​၍
မျက်​ရည်​​တွေအဖြစ်​လျှံကျသည်​...

More ThanWhere stories live. Discover now