♡ EXTRA ♡(Zawgyi+Unicode)

1.9K 263 8
                                    

“သူဋ္ဌေး...ဒီတစ်နှစ်အားလပ်ရက်ရော
Gwangalli beach ပဲသွားအုံးမှာလား.....”

အတွင်းရေးမှူးမလေးက သာမန်မေးလိုက်သော်လည်း...
ယွန်းဂီအတွက်တော့ထိုမေးခွန်းသည်သာမန်မဟုတ်...။

သူလွန်ခဲ့သော နှစ်အထိ အားလပ်ရက်ရှည်ရတိုင်း
ကမ်းခြေသို့သွားလေ့ရှိသည်...။

ဒီတစ်နှစ်တော့ သူမျှော်လင့်ချက်များ ပျောက်ဆုံးနေခဲ့ပြီ...။

ပြန်မလာတော့သောသူကို မျှော်နိုင်သောအင်အားမရှိလေတော့ပြီ...။

ပျောက်သောသူရှာလျှင်တွေ့  ဆိုပေမယ့် ထိုလူသားမဟုတ်သော ကောင်လေးကို မည်သည့်နေရာတွင် ရှာရမည်နည်း...။

ရေအောက်ထိသွားပြန်လျှင်လည်း..
ထိုကောင်လေးနေသောနေရာကို မြင်နိုင်စွမ်းမရှိပြန်ဘူးလေ...။

ထို့ကြောင့် ယွန်းဂီ စွန့်လွှတ်ရန် ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချလိုက်တော့သည်...။

“ဟင့်အင်း မသွားတော့ဘူး...
ငါမျှော်ရတာပင်ပန်းနေပြီ...
၃နှစ် ၃နှစ်တောင်ရှိပြီ...
သူပြန်မလာခဲ့ဘူးလေ....”

အတွင်းရေးမှူးမလေးမှာ..
ယွန်းဂီ၏ညီမ၀မ်းကွဲ ဖြစ်သောကြောင့်...
ယွန်းဂီ၏ကိစ္စအားလုံးကို သူမသိထားသည်...။

ယွန်းဂီ၏အကိုအရင်းဖြစ်သော ဆော့ဂျင်မသိသည့် ယခုကိစ္စကိုလဲ သူမသိနေပြန်သည်...။

ယွန်းဂီအတွက်တော့ သူမသည်အယုံကြည်ရဆုံးသော ညီမတစ်ယောက်...။

“အင်း....
သူဌေးပင်ပန်းတာလဲ ဖြစ်သင့်ပါတယ်လေ...
ဒါပေမယ့်....ညီမကတော့ သူပြန်လာမယ်လို့ပဲ ထင်နေတယ် ဘာကြောင့်မှန်းတော့မသိဘူး...စိတ်ထဲက အလိုလိုသိနေတာ...
သူဋ္ဌေး သွားကြည့်ပါဦးလား...”

“အွန်းဟယ် အစ်ကို့ကို သူဋ္ဌေးလို့မခေါ်ပါနဲ့တော့ဆိုနေမှ...”

“ကုမ္ပဏီမှာဆိုတော့ အကျင့်ပါနေလို့ ဟီး...
အဲဒါကအရေးမကြီးပါဘူးလေ....
သူ့ဆီတကယ်မသွားတော့ဘူးလား....”

အွန်းဟယ်စကားပြန်ဆက်ကာမှ ဂျီမင်အကြောင်းပြန်တွေးကာငြိမ်သက်နေပြန်တော့သည်...။

“သူဋ္ဌေး သေချာစဉ်းစားပါဦး...
သူက အကြောင်းတစ်ခုခုရှိလို့မလာနိုင်တာနေမှာ...
သူက သူဋ္ဌေးကိုအရမ်းချစ်တာဆို...
ပြန်လာမှာပါ....
အားတင်းထားပြီး...ဒီတစ်နှစ်သွားကြည့်ပါဦးလား....”

Lovely Merman||윤민 [Completed]Donde viven las historias. Descúbrelo ahora