Two(Zawgyi+Unicode)

1.7K 257 7
                                    

ဂျီမင်နှင့်ယွန်းဂီ အခန်းတွင်းအောင်းနေသည်မှာ...
တစ်ရက်ကျော်၍နှစ်ရက်ထဲ ၀င်နေလေပြီ...။

အလွန်အအိပ်မက်သော ယွန်းဂီတစ်ယောက်
အိပ်ချိန်တွင်လဲ မအိပ်နိုင်ပဲ
ရေသူထီးလေးနှင့်သာ စကားများဖောင်ဖွဲ့ကာ ပြောနေမိသည်...။

ဂျီမင်၏အစွမ်းကြောင့် ယွန်းဂီထမင်းမစားရသော်လည်း အားမပျက်သလို မအိပ်ရလို့လည်း မျက်တွင်းများမကျ...။

ရေအောက်ဘုရင်မ၏သားတော်ကလေး၏ အစွမ်းများပင်မဟုတ်လား...။

"လူသားကရော ဒီမှာ ဘာလာလုပ်တာလဲ...
ဒီအိမ်က လူသားရဲ့အိမ်လား..."

"အာ လူသားလို့မခေါ်နဲ့လေ ဂျီမင်လေး...
ကိုယ်တောင် မင်းကို ရေသူထီးလို့ခေါ်ရင်မင်းကြိုက်လို့လား..."

ဂျီမင်တစ်ယောက် နှာခေါင်းလေးရှုံ့ကာ ခေါင်းအသာခါပြလေတော့....

"အဲ့ဒါကြောင့် ကိုယ့်ကိုလဲ လူသားလို့မခေါ်နဲ့လေ..."

"ဒါဆို ယွန်းဂီလေးလို့ ခေါ်ရမှာပေါ့
လူသားရဲ့နာမည်က မင်ယွန်းဂီဆိုတော့...."

"ဟမ် အဲ့လိုကြီးမခေါ်နဲ့လေ ကိုယ်ကဂျီမင်လေးထက်အသက်ကြီးတယ်လေ...."

"ဒါဆို ဘယ်လိုခေါ်ရမလဲ..."

ပြောကာ ခေါင်းကလေးစောင်းပြီး စဉ်းစားနေပြန်သောကောင်လေးကြောင့်
ယွန်းဂီတစ်ယောက် အသည်းယားနေမိသည်...။

"အာ သိပြီ ရေအောက်က အကိုတော်တွေကိုခေါ်သလို
အကိုတော်လို့ခေါ်မယ်လေ..."

"ဟမ် အဲ့လိုကြီး...."

"ဘာလို့လဲ ဒီမှာက အကိုတော်တွေကို အဲ့လိုမခေါ်ဘူးလား..."

ယွန်းဂီပြောစကားကြောင့်
နှုတ်ခမ်းလေးဆူကာရန်တွေ့သလို ပြောနေသော
စွာတာတာ စပ်စုစိန် ဂျီမင်လေး၏ ပုံစံကြောင့်....

ယွန်းဂီအကောင်သေးလေးကိုရင်ခွင်ထဲထည့်ကာ ပွေ့ဖက်လိုက်ပြီး...

"ကိုကိုလို့ခေါ်လေ ဒီကလူတွေက အဲ့လိုပဲခေါ်ကြတာ..."

ရင်ခွင်ထဲမှကောင်လေးက ယွန်းဂီအားမော့ကြည့်ကာ..

"ကိုကို....ဘယ်လိုကြီးလဲ....ဒါပေမယ့် ခေါ်လို့တော့ကောင်းသားပဲ ခေါ်မယ်လေ ကိုကို"

Lovely Merman||윤민 [Completed]Where stories live. Discover now