One (Zawgyi+ Unicode)

3.4K 295 27
                                    

“Hello...
Hyung .....
အခု Gwangalli beach မှာမလား...
ရေ ရေသူထီး ကမ်းခြေပေါ်တက်လာတယ်ဆို!!!!
တကယ်ပဲလား....”

“ဘာတွေပြောနေတာလဲ....
မင်းနေရောကောင်းရဲ့လား...
ရူးသွားပြီလား...”

“ဟာ...မဟုတ်ဘူး hyung....
ဒါနဲ့ အခု hyung ကကမ်းခြေမှာမဟုတ်ဘူးလား...”

“ဟုတ်တယ်လေ ငါကကမ်းခြေမှာ...
ဒါပေမယ့် ကမ်းခြေမှာတော့မဟုတ်ဘူး....”

“ရှင်းရှင်းပြောလေဗျာ....”

“ငါက Gwangalli beach မှာတော့ဟုတ်တယ်
ဒါပေမယ့် ငါက ဘန်ဂလိုထဲမှာလေ ဟဲဟဲ...”

“မဟဲနေနဲ့ ရေသူထီးကိုက်သတ်လို့သေနေအုံးမယ်...”

ဟိုဆော့ပြောစကားကြောင့် ယွန်းဂီတစ်ယောက် ဘေးနားသို့ လန့်ဖြန့်ကာ ကြည့်မိလိုက်သေးသည်...
ဘာမှမတွေ့တော့မှ...။

“အဓိပ္ပာယ်မရှိတာတွေ......
21ရာစုပဲ ရောက်နေပြီကို
ရေသူမတွေ ရေသူထီးတွေက ရှိဦးမှာလား....
ရူးနေတဲ့သူတွေပဲယုံလိမ့်မယ်....”

“မယုံရင်လဲ သတင်းသာဖွင့်ကြည့်တော့ဗျာ...”

ဟိုဆော့ ဖုန်းချပစ်လိုက်တော့မှ
ယွန်းဂီလည်း  Remote control ကိုကိုင်ကာ တီဗွီဖွင့်ကြည့်လိုက်တော့...။

!!!BREAKING NEWS!!!

<<ဒီကနေ့ နေလည်1:40အချိန်တွင်
ရေသူထီးတစ်ကောင်
Gwangalli ကမ်းခြေသို့တက်လာ၍
ကမ်းခြေက လူများအားခြောက်လှန့်...>>

် TV တွင်လာနေသော သတင်းကိုကြည့်ကာ ဟိုတယ်ခန်းထဲမှ ယွန်းဂီတစ်ယောက် စိတ်ပျက်သွားသည်...။

ဘာတွေလဲကွာ အေးဆေးနားချင်လို့ အပန်းလာဖြေပါတယ်ဆိုမှ ဘယ်ကရေသူထီးတွေလဲကွာ...။

ဒီတစ်ခါတော့ ယွန်းဂီမယုံ၍ မရတော့ သတင်းများကအတိအကျ ပုံနှင့်တကွပါလာသောကြောင့်...။

သတင်းအားစိတ်ဝင်စားစွာကြည့်နေစဉ်တွင်
တံခါးခေါက်သံ ကြားသောကြောင့်
ကြည့်နေဆဲ သတင်းအားပိတ်ကာ တံခါးသွားဖွင့်ရပြန်သည်..။

တံခါးဖွင့်ပြီးနောက် မြင်လိုက်ရသောမြင်ကွင်းကြောင့် ယွန်းဂီလုံးဝမှင်သက်သွားသည်...။

Lovely Merman||윤민 [Completed]Where stories live. Discover now