Final(Zawgyi+Unicode)

1.6K 253 13
                                    

"ယွန်းဂီ မင်းဘာလုပ်နေတာလဲ..."

မျက်လုံးကြီးပြူးကာမေးလာသော ဆော့ဂျင်ကြောင့် ယွန်းဂီစိုးရိမ်မိသွားသည်...။

ဆော့ဂျင်သိသွားလျှင် ဂျီမင်အား ပင်လယ်သို့ပြန်ပို့မည်မှာ အသေအချာဖြစ်သောကြောင့်ပင်...။

ယွန်းဂီလဲ ကြံရာမရဖြစ်ကာ ခေါင်းကိုပဲ ငုံ့ထားလိုက်မိသည်..။

ဆော့ဂျင်မှာယွန်းဂီ၏အကိုဖြစ်သောကြောင့် ယွန်းဂီ အကိုဖြစ်သူအား အနည်းငယ်ကြောက်နေမိသည်...။

သူပင်လယ်မှ ဂျီမင်လေးအား အိမ်သို့ခေါ်လာသည်ကို ဆော့ဂျင်သိသွားမည်ကို အလွန်ကြောက်နေမိသည်...။

"ယွန်းဂီ အဟမ်း အဟမ်း ခုနက မင်းတို့ကို ငါမမြင်ဘူးလို့ပဲ သဘောထားလိုက်မယ် ရှက်မနေနဲ့တော့....ပြီးတော့...
မင်းကောင်လေးကို ငါနဲ့မိတ်မဆက်ပေးတော့ဘူးလား..."

"ဗျာ...."

ယွန်းဂီအံ့ဩကာရေရွတ်မိလိုက်သည်...
သူကတော့ ဂျီမင်၏ပုံစံအမှန်ကို မြင်သွားသည်ထင်၍ စိုးရိမ်နေသော်လည်း...
မမြင်သွားပဲ သဘက်ပတ်ပေးနေသည်ကိုသာ မြင်ပြီး တလွဲတွေးနေသော အကိုဖြစ်သူကြောင့် ယွန်းဂီစိတ်သက်သာရာရသွားသည်...။

ယွန်းဂီ အစ်ကိုဖြစ်သူအား မလိမ်ချင်သော်လည်း...
အမှန်အတိုင်းပြောလိုက်လျှင် ဂျီမင်နှင့်သူ့အားခွဲထားမည်စိုးသောကြောင့်
လိမ်ပြောလိုက်မိသည်...
ဆော့ဂျင်ကတော့ ယွန်းဂီပြောသမျှကိုယုံကာ
ဂျီမင်အား အိမ်တွင်အတူတူခေါ်ထားရန်သဘောတူလိုက်တော့သည်..။

"အာ ဒါဆို ဂျီမင်လေးက Hyung တို့နဲ့အတူတူနေပေါ့..."

"ဟုတ်ကဲ့...."

ဆော့ဂျင်အောက်ထပ်သို့ ပြန်ဆင်းသွားကာမှ....

ယွန်းဂီ ဂျီမင်အနားသို့ကပ်ကာ...

"ဂျီမင်လေး ကိုကို ဂျီမင်လေးကို အရမ်းချစ်တယ်...
ကိုကို့ကိုလဲ ပြန်ချစ်မယ်မလား..."

ဂျီမင်...ယွန်းဂီပြောသည်မှာ ဘာကိုရည်ရွယ်သည်ကိုကောင်းကောင်းသိသည်မို့...
ပြာပြာသလဲ ငြင်းလိုက်မိသည်...

"ဟင့်အင်း မဖြစ်နိုင်ဘူး....
ကျွန်တော်က ကိုကိုလိုလူမှမဟုတ်တာ...
ပြီးတော့
ကျွန်တော်က ယောက်ျားလေးလေ...
မိန်းကလေးမှမဟုတ်တာ...
ချစ်တယ်ဆိုတာ မိန်းကလေးနဲ့ယောက်ျားလေးပဲ ချစ်လို့ရတာမဟုတ်လား...
ကျွန်တော်က..."

Lovely Merman||윤민 [Completed]Where stories live. Discover now