=6= Sweet December (z/u)

155 22 0
                                    


ဒီဇင်ဘာလဖွားများအတွက် ရေး
သားခဲ့သော......

.
.
.

SWEET DECEMBER

A heart For A heart...

.
.
.

သမီးလေး သိလား......
ဒီဇင်ဘာလက သိပ် ချို မြိန်တယ်... ။

.
.
.
.

Sweet December

.
.
.
December 1st... 1986...

နှင်းမှုန်ဖြူဖြူလေးတွေဟာ ကောင်းကင်ပေါ်
ကနေ ကျဆင်းနေတယ်... ။

ုမှန်ပြတင်းရဲ့ ဘေးအနားသတ်လေးတွေမှာ
ညက နှင်းစက်လေးတွေရဲ့ အမှတ်အသား
ဖြစ်တဲ့ ရေခဲစ ချွန်မြမြလေးတွေက စီရရီ... ။
အပြာရောင်သမ်းတဲ့ ရေခဲစကြည်လဲ့လဲ့လေး
တွေရဲ့ ထိပ်က ရေစက်ဖြူဖြူလေးတွေဟာ
တလဲ့လဲ့ လင်းလက်ရင်း ခုန်ကာခုန်ကာ
ဆင်းသက်နေကြတယ်......။

အင်္ဂလိပ်အက္ခရာခြောက်ဂဏန်းလို ပုံဖော်ထားတဲ့
ဖယောင်းတိုင်နီနီသေးသေးလေးကို ကျမ မှုတ်
လိုက်တယ်......။
ငြိမ်းသေသွားတဲ့ ဖယောင်းတိုင်လေးပေါ်က
အငွေ့ မဲမဲလေးတွေ ထွက်လာတော့ ကျမ
ဝမ်းသာအားရ လက်ခုပ်တီးမိတယ်... ။

ခုန်လိုက်တိုင်း ဖြောင့်စင်းနေတဲ့ ဆံပင်နက်
နက်လေးတွေ ခါယမ်းသွားတော့ ကျမ Daddyက
ပြုံးတယ်... ။

"သမီး Mommyအတိုင်းပဲ...... "

Mommy ဆိုတဲ့စကားကို ကြားတိုင်း ကျမ ရဲ့
နှုတ်ခမ်းဝိုင်းလေးက ပွင့်အာလာတယ်... ။

"Daddy...... "

"ဗျာ...... "

"သမီးMommy ကော ...... "

ဒီစကားကို ကြားတိုင်း Daddyဟာ သက်ပြင်း
ချတယ်......။
ပြီးရင် ကျမ နဖူးလေးကို နမ်းကာ ပြုံးပြုံး
လေး ပြောတတ်တယ်... ။

"အချိန်မကျသေးပါဘူး December... "

ဒီစကား...... ။
ဒီစကားဟာ ကျမမေးခွန်း အတွက် အဖြေ
အမြဲ ဖြစ်ခဲ့တယ်...... ။ပြီးတော့......
ဒီစကားကပဲ ကျမကို အမြဲ စိတ်တိုစေတယ်...။
စိတ်တိုလွန်းလို့ ငိုကျွေးမိတိုင်းလည်း Daddy
ဟာ ပြုံးပြရင်း ကျမကို ချော့မော့မြဲ......။

The Heart of Ink (completed ) Z/UWhere stories live. Discover now