Yearning (POEM)

26 1 0
                                    

Yearning

Fresh autumn breeze, Bright autumn moon.
Fallen leaves gather, and scatter around the trees; 
Cold-stricken crows soon fall asleep
and wake as soon.
I long for you.
When can I see your longing look?
How can I bear this lonely night, this lonely nook?

Li Bai ( Tang Dynasty )
________

လွမ်း ( တမ်းတခြင်း )

လတ်ဆတ်လေတဲ့ ဆောင်းဦးလေညှင်း ၊
တောက်ပလေတဲ့ ဆောင်ဦးလမင်း ။
ရော်ရွက်မြေခ ၊
ပင်ခြေမှာ စုဝေးကာ ခြေဆန့်ကြတယ် ။
အေးစက်လို့ကွဲကြေ ၊
ဖော်ဝေးတဲ့ကျီးငှက်များက အိပ်စက်လေတယ် ၊
မကြာခင် သူတို့တဖန် ဆွေးမြေ့ရင်း နိုးထပေဦးမယ် ။
လွမ်းလွန်းလို့ ဆွေးရတယ် ။
တမ်းတလေတဲ့ မင့် ရုပ်သွင်လွှာ ၊
ဘယ်တော့များမှ မြင်ရပါလိမ့်မယ် ။
အထီးကျန်ချောင်က အထီးကျန်ည ၊
ဘယ်လိုများ ဖြတ်ရပါလိမ့်ကွယ် ။

လီပိုင် ( တန် မင်းဆက်)

________

လြမ္း ( တမ္းတျခင္း )

လတ္ဆတ္ေလတဲ့ ေဆာင္းဦးေလညွင္း ၊
ေတာက္ပေလတဲ့ ေဆာင္ဦးလမင္း ။
ေရာ္ရြက္ေျမခ ၊
ပင္ေျခမွာ စုေဝးကာ ေျခဆန္႕ၾကတယ္ ။
ေအးစက္လို႕ကြဲေၾက ၊
ေဖာ္ေဝးတဲ့က်ီးငွက္မ်ားက အိပ္စက္ေလတယ္ ၊
မၾကာခင္ သူတို႕တဖန္ ေဆြးေျမ႕ရင္း ႏိုးထေပဦးမယ္ ။
လြမ္းလြန္းလို႕ ေဆြးရတယ္ ။
တမ္းတေလတဲ့ မင့္ ရုပ္သြင္လႊာ ၊
ဘယ္ေတာ့မ်ားမွ ျမင္ရပါလိမ့္မယ္ ။
အထီးက်န္ေခ်ာင္က အထီးက်န္ည ၊
ဘယ္လုိမ်ား ျဖတ္ရပါလိမ့္ကြယ္ ။

လီပိုင္ ( တန္ မင္းဆက္)

________

________

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The Heart of Ink (completed ) Z/UWhere stories live. Discover now