The Dictator

26 6 0
                                    

Something i've written for Spring Revolution page .
Enjoy.

[U]

အာဏာရှင်
__________

"နွေဦးတော်လှန်ရေးဆိုတာ အာဏာရှင်စနစ်ကို တော်လှန်နေတာကွ…အဟမ်း……  "

မျိုးဆက်သစ်လူငယ်များကို ဝေ့ကြည့်ရင်း ဦးလေးမောင်က အဟမ်းကနဲချောင်းဟန့်လိုက်သည်။

"အာဏာရှင်စနစ်ဆိုတာ ဘာလဲ ဟုတ်လားကွ…… သူတပါးရဲ့ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေကို အတင်းအဓမ္မသ်ိမ်းပိုက်… အခွင့်အရေးတွေကို ဖျက်စီးပြီး လူညွှန့်ချိုးထားတဲ့စနစ်ကို ခေါ်တာကွ……  "

လက်ကျန်ရေနွေးကြမ်းကို မော့ချလိုက်ပြီး ဦးလေးမောင်က ဆက်ပြောပြန်သည် ။

"အဲ… အခွင့်အရေးဆိုရာမှာလည်း ချမ်းသာဆင်းရဲ ယောက်ျားမိန်းမ လူကြီးလူငယ် ခွဲခြားမှုတွေ အားလုံးက လွန်မြောက်ပြီးမှ စစ်မှန်တဲ့ လူ့အခွင့်အရေးကို ဖော်ဆောင်နိုင်မှာကိုးကွ…… "

ဦးလေးမောင်က ရေနွေးကြမ်းအိုးကို ကိုင်မြောက်ပြီး မျက်မှောင်ကျုံ့သွားသည် ။ ဘေးနားတွင် ခပ်ကုပ်ကုပ်ထိုင်ကာ ပြောသမျှ နားထောင်နေသော ဒေါ်လေးလှမေကို လှည့်ကြည့်ပြီး ခပ်ငေါက်ငေါက်ပြောလိုက်သည်။

"ဟဲ့… လှမေ …  ရေနွေးကြမ်း မဖြည့်ဘဲ ဘာလုပ်နေတာလဲ … "

"တော်တို့ပြောတာ စိတ်ဝင်စားလို့ပါတော်…… "

"သယ်…… ဒီ မိန်းမကတော့ ပညာရှိစတိုင် ဖမ်းနေပြန်ပြီ… နားလည်တာလဲ မဟုတ်ဘဲ … သွား! ကိုယ့်အလုပ်ကိုယ်လုပ်… "

ဆောင့်ချပေးသောရေနွေးကြမ်းအိုးလေးကို ယူကာ ခပ်သုပ်သုပ်လျှောက်သွားသော ဒေါ်လေးလှမေကို ကြည့်ကာ ဦးလေးက ခပ်အုပ်အုပ်ပြောလိုက်သည် ။

" မိန်းမတွေများ… နေရာတကာကို ဝင်ပါချင်တာပဲ…  မီးဖိုချောင်ထဲပဲနေတာ မဟုတ်ဘူး… အဟမ်း… ဒါနဲ့ ပြောနေတာ ဘယ်ရောက်သွား…"

ကွပ်ပြစ်လေးကို ကျောခိုင်းသွားသော လူငယ်များကို ဦးလေးမောင်က တအံ့တသြငေးကြည့်နေသည် ။ ဦးလေးမောင် သတိမရသော အရာတခုကို လူငယ်များ သတိရသွားချင်းဖြစ်သည် ။

အာဏာရှင်စနစ်ကို အမှန်တကယ်တော်လှန်ချင်သူသည် အာဏာရှင်စိတ်ဓာတ်ကိုပါ ဖြောက်ဖျက်နိုင်ရလိမ့်မည် ။

#အာဏာရှင်စနစ်ကျရှုံးပါစေ

.
.
.

[Z]

အာဏာရွင္
__________

"ေႏြဦးေတာ္လွန္ေရးဆိုတာ အာဏာရွင္စနစ္ကို ေတာ္လွန္ေနတာကြ…အဟမ္း……  "

မ်ိဳးဆက္သစ္လူငယ္မ်ားကို ေဝ့ၾကည့္ရင္း ဦးေလးေမာင္က အဟမ္းကနဲေခ်ာင္းဟန္႕လိုက္သည္။

"အာဏာရွင္စနစ္ဆိုတာ ဘာလဲ ဟုတ္လားကြ…… သူတပါးရဲ႕ လုပ္ပိုင္ခြင့္ေတြ ရပိုင္ခြင့္ေတြကို အတင္းအဓမၼသိ္မ္းပိုက္… အခြင့္အေရးေတြကို ဖ်က္စီးျပီး လူညႊန္႕ခ်ိဳးထားတဲ့စနစ္ကို ေခၚတာကြ……  "

လက္က်န္ေရေႏြးၾကမ္းကို ေမာ့ခ်လိုက္ျပီး ဦးေလးေမာင္က ဆက္ေျပာျပန္သည္ ။

"အဲ… အခြင့္အေရးဆိုရာမွာလည္း ခ်မ္းသာဆင္းရဲ ေယာက်္ားမိန္းမ လူႀကီးလူငယ္ ခြဲျခားမႈေတြ အားလံုးက လြန္ေျမာက္ျပီးမွ စစ္မွန္တဲ့ လူ႕အခြင့္အေရးကို ေဖာ္ေဆာင္နိုင္မွာကိုးကြ…… "

ဦးေလးေမာင္က ေရေႏြးၾကမ္းအိုးကို ကိုင္ေျမာက္ျပီး မ်က္ေမွာင္က်ံဳ႕သြားသည္ ။ ေဘးနားတြင္ ခပ္ကုပ္ကုပ္ထိုင္ကာ ေျပာသမွ် နားေထာင္ေနေသာ ေဒၚေလးလွေမကို လွည့္ၾကည့္ျပီး ခပ္ေငါက္ေငါက္ေျပာလိုက္သည္။

"ဟဲ့… လွေမ …  ေရေႏြးၾကမ္း မျဖည့္ဘဲ ဘာလုပ္ေနတာလဲ … "

"ေတာ္တို႕ေျပာတာ စိတ္ဝင္စားလို႕ပါေတာ္…… "

"သယ္…… ဒီ မိန္းမကေတာ့ ပညာရွိစတိုင္ ဖမ္းေနျပန္ျပီ… နားလည္တာလဲ မဟုတ္ဘဲ … သြား! ကိုယ့္အလုပ္ကိုယ္လုပ္… "

ေဆာင့္ခ်ေပးေသာေရေႏြးၾကမ္းအိုးေလးကို ယူကာ ခပ္သုပ္သုပ္ေလ်ွာက္သြားေသာ ေဒၚေလးလွေမကို ၾကည့္ကာ ဦးေလးက ခပ္အုပ္အုပ္ေျပာလိုက္သည္ ။

" မိန္းမေတြမ်ား… ေနရာတကာကို ဝင္ပါခ်င္တာပဲ…  မီးဖိုေခ်ာင္ထဲပဲေနတာ မဟုတ္ဘူး… အဟမ္း… ဒါနဲ႕ ေျပာေနတာ ဘယ္ေရာက္သြား…"

ကြပ္ျပစ္ေလးကို ေက်ာခိုင္းသြားေသာ လူငယ္မ်ားကို ဦးေလးေမာင္က တအံ့တၾသေငးၾကည့္ေနသည္ ။ ဦးေလးေမာင္ သတိမရေသာ အရာတခုကို လူငယ္မ်ား သတိရသြားခ်င္းျဖစ္သည္ ။

အာဏာရွင္စနစ္ကို အမွန္တကယ္ေတာ္လွန္ခ်င္သူသည္ အာဏာရွင္စိတ္ဓာတ္ကိုပါ ေျဖာက္ဖ်က္နိုင္ရလိမ့္မည္ ။

#အာဏာရွင္စနစ္က်ရွံဳးပါေစ

The Heart of Ink (completed ) Z/UWhere stories live. Discover now