=5= all GREEN and WHITE (z/u)

184 24 33
                                    

Something clean and lively...
.
.
.
အရောင် ဆိုတာ ဘာလည်း... ။

သိပ္ပံနည်းနဲ့ ပြောမယ် ဆိုရင်တော့ လေထုထဲက
လှိုင်းအလျားမတူတဲ့ အလင်းတွေ ကျမတို့
မျက်ဝန်းရဲ့ မြင်လွှာတွေကို လာရိုက်ခတ်ချိန်မှာ
ကျမတို့ ဦးနှောက်က အလင်းရဲ့ လှိုင်းအလျားတွေ
ကို အရောင်အမျိုးမျိုး အနေနဲ့ ခွဲခြား ပုံဖော်ပေး
လိုက်ခြင်း... ။

ပန်းချီ ဆန်ဆန် ပြောမယ် ဆိုရင် အရောင် ဆိုတာ
နှလုံးသားတစ်နေရာက လာတဲ့ စကားသံလေး
တွေ... ။
ပန်းချီ ကို ချစ်တဲ့ ကျမကတော့ ပန်းချီဆန်ခြင်းကို
သဘောကျမိတယ်... ။
နှလုံးသားက လာတဲ့ ရောင်စုံ စကားသံတွေ... ။

အဖြူ ... မီးခိုး... ခရမ်း...အပြာ... အစိမ်း... အဝါ...
အနီ...... အနက်......
သူတို့တွေမှာ အဓိပ္ပာယ် အမျိုးမျိးရှိတယ်... ။

လူအမျိုးမျိုး ဘာသာအထွေထွေက အရောင်တွေ
ကို စုံလင်သော အဓိပ္ပာယ်တွေ ဖွင့်ဆိုကြတယ်...။
လေးလေးနက်နက် ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်တွေ
ရှိသလို ရယ်စရာကောင်းတဲ့ အဓိပ္ပာယ်တွေလည်း
ရှိလေရဲ့... ။

ကျမကတော့ အရောင်တွေကို ကိုယ်တိုင်ကိုယ်ကျ
ခံစားပြီး အဓိပ္ပာယ်ဖွင့်ပစ်လိုက်ရတာကို နှစ်သက်
မိတယ်... ။
ကျမ ကိုယ်ပေါ်မှာ အရောင်နှစ်ရောင် ရှိနေတယ်...။

ကျမရဲ့ အင်္ကျီက အဖြူရောင်... ။
အဖြူရောင် ဆိုတာ သန့်စင်ခြင်း... ။
ရိုးသားဖြူစင်တဲ့ အရာရာဟာ အဖြူရောင်နဲ့
ကိုယ်စားပြုခြင်း ခံရတယ်... ။
ကျမရဲ့ ထဘီက အစိမ်းရောင်... ။
အစိမ်းရောင်ဟာ ရှင်သန်ခြင်း... ။
အစာအာဟာရတွေရဲ့ အုတ်မြစ်ဖြစ်တဲ့ ဆန်စပါး
နဲ့ ဂျုံ နှံတို့ရဲ့ ရှင်သန်ခြင်း... သစ်ပင်နွယ်ပင်တို့ရဲ့
ရှင်သန်ခြင်းဟာ အစိမ်းရောင်နဲ့ ကိုယ်စားပြု
ခြင်း ခံရတယ်...။

အဖြူ နဲ့အစိမ်း တွဲဖက်နေသော အဓိပ္ပာယ်က
ဖြူစင်ရိုးသားစွာ ရှင်သန်ခြင်း ...... ။

အဖြူအစိမ်း နှစ်ရောင်ကို တွဲဖက်ဝတ်ဆင်ထား
ရတဲ့ ကျမ ရဲ့ အဓိပ္ပာယ်က လား...... ။
.
.
.
"မင်......... ဂလာပါ ဆရာ......... မ......
ကျေးဇူးတင်ပါတယ် ဆရာ............မ..."

"မင်္ဂလာပါ...... ဖြေးဖြေးသွားကြနော်...... "

"ဟုတ်ကဲ့ပါ............ "

The Heart of Ink (completed ) Z/UWhere stories live. Discover now