=3= CARISSIME (z/u)

198 32 12
                                    

CARISSIME

own characters

Amata~~
Mea vita~~
Amour de ma vie~~
Es Carissime~~~

My beloved......
My life...
The love of my life...
You, My Dearest.........
.
.
.
~ c a r i s s i m e ~
.
.
.
*တုံ... တုံ... တုံ............ တုံ... တုံ......*

အစပထမမှာ နှေးနှေးလေး...
တဖြေးဖြေးမြန်လာပြီးနောက်မှာ...
နှေးသည်ထက်နှေးလာပြီး ပျောက်ကွယ်သွား
တဲ့ *တုံတုံ* ဆိုတဲ့ အသံတွေ......
နှစ်ဆယ့်လေးချက်...
နှစ်ဆယ့်လေးချက်တိတိ...
ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူတဲ့
၂၄ပစ္စည်း ပဋ္ဌာန်းတရားတော်ကို ကိုယ်စား
ပြုတဲ့ အုန်းမောင်းခေါက်သံ...

မြတ်စွာဘုရား......
တပည့်တော်မ၏ တည်မှီရာ ဖြစ်တော်မူပါ
အရှင်ဘုရား......

အိပ်ရာထက်ကကျမ ပက်လက်အိပ်လျက်နဲ့
လက်အုပ်ချီထားမိတယ်...
ဘုရားရှင်ကို အာရုံပြုထားတဲ့ကျမ...
အနည်းဆုံးတော့...
ကျမရဲ့ ညာဘက်ခြမ်းက အေးစက်နေမယ့်
ပိုင်ရှင်မဲ့ အိပ်ရာနေရာကို လျစ်လျူရှုထား
နိုင်ခဲ့တယ်...
.
.
.
" ဟယ်လို~~~~"

*မာမား~~ Happy Birthday~~ *

*Happy Birthday~~ချစ်မားရေ~~ *

တဖက်က စူးကနဲ ထွက်လာတဲ့ ခပ်သြသြ
အသံနှစ်ခုက ကျမကို နှစ်နှစ်ခြိုက်ခြိုက်
ပြုံးမိစေတယ်...

"ကျေးဇူးပါ မားရဲ့ သားတွေရယ်..."

*မားကလည်း ကွာ~~ ကျေးဇူး ဆိုတာ
ကြီး လာပြန်ပြီ~~~*

အသက် ၁၆နှစ်အရွယ် သားငယ်ရဲ့
ခပ်ဆတ်ဆတ်အသံကြောင့် ကျမရီမိတယ်...

*It's OK မား~~~ ဒါနဲ့ ပါး ကော~~ *

အေးဆေးတဲ့ ၁၈နှစ်သား သားကြီးရဲ့
အမေးကို ကျမ မဖြေနိုင်ဘဲ ဆွံ့အ နေမိ
တယ်...

*ဘာလဲ~~ ပြန်မလာပြန်ဘူးမလား~~
ကျစ်~~ ပါး ကွာ~~
မား နေမကောင်းတာ သိလျက်နဲ့~~~
ဘာ အလုပ်တွေများရှိနေပြန်တာလဲ~~
ပါး က တကယ်ပဲဗျ~~~*

*အငယ်ကောင်~~ တော်ပြီ~~
ပါးက အလုပ်များလို့နေမှာပါ~~ ကနေ့
ပြန်လာမှာပေါ့~~နော်~~ မား~~
ဒါပဲနော်~~မား~~
နေ့လည်မှ ထပ် ဆက်မယ်နော်~~*

သားကြီးနဲ့ သားငယ်ရဲ့ စကားတွေကို
ကျမ ပြန်ဖြေဖို့ရာ မစွမ်းနိုင်တော့ပါ...
ဖုန်းခွက်လေးကို စားပွဲပေါ်ချပြီး
နာကျင်နေတဲ့ ဝဲဘက်ရင်ညွှန့်နေရာကို
လက်နဲ့ဖိရင်း ခါးသက်သက်ဆေးတချို့ကို
ရေများများနဲ့ မျောချလိုက်တယ်...
ဆေးသောက်ပြီး ငါးမိနစ်လောက်နေမှ
ပုံမှန်ပြန်ဖြစ်သွားတဲ့အခြေအနေကြောင့်
ကျမ စိတ်အေးသွားရတယ်...
ကနေ့အတွက်တော့ အဆင်ပြေပြီ
ထင်ပါရဲ့...

The Heart of Ink (completed ) Z/UWhere stories live. Discover now