=4= IF (z/u)

144 20 4
                                    


~ IF~
.
.
.
အကယ်၍သာ...
.
.
.
"မေမေ...... "

အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ ကျမရဲ့ အင်္ကျီစဟာ
ညင်ညင်သာသာလေး လှုပ်ရှားသွားတယ်... ။
ရင်ခွင်ထဲကို ကျမ ငုံ့ကြည့်လိုက်တော့ ညနက်
နေချိန်မှာတောင် အိပ်မပျော်တတ်တဲ့ ကျမရဲ့
ငါးနှစ်အရွယ် မင်းသားလေး... ။

"ရှင့်......... ပြောပါ မေမေ့ မင်းသားလေး... "

"အာကာသ ဆိုတာ ဘာလည်း..."

ငါးနှစ်သားပေမယ့် ပီသတဲ့ စကားလုံးလေးတွေ
ထွက်လာတတ်တဲ့ နှုတ်ခမ်းပါးလေး ဖြူရော်နေ
တာက ကျမကို ဝမ်းနည်းစေပေမယ့် သိလိုစိတ်နဲ့ တောက်ပနေတဲ့ သားရဲ့ မျက်ဝန်းလေးတွေက
ကျမကို ပြုံးစေတယ်... ။

"ဟိုးက ကောင်းကင်ကြီးကို တွေ့လား..."

ပြတင်းပေါက်ဖြူဖြူလေးကနေ မြင်နေရတဲ့
အနက်ရောင်ညကောင်းကင်ကြီးဆီကို ကျမ
လက်ညိုးညွှန်ပြလိုက်တယ်... ။

"အဲ့ဒီကောင်းကင်ကြီးရဲ့ အပြင်က နေရာ...
အဲ့တာကို အာကာသ လို့ခေါ်တယ် သားရဲ့... "

"ကောင်းကင်ကြီးရဲ့ အပြင်ကို ထွက်လို့ ရလား
မေမေ......"

"ရတာပေါ့ သားရဲ့...... "

"ကောင်းကင်ကြီးနဲ့ မတိုက်မိဘူးလား..."

သားဟာ ဘယ်အရာကိုမဆို ဟိုးအဆုံးအထိ
သိချင်တတ်တယ်...။ကလေးငယ်ပီပီ စူးစူးစမ်း
စမ်း မေးမြန်းလာတဲ့ မေးခွန်းတွေကို ကျမက
လည်း စိတ်ရှည်လက်ရှည်ဖြေပေးလေ့ရှိ
တယ်... ။ ကျမကလေးဘဝတုန်းက ကျမရဲ့
မိခင် ကျမမေးသမျှကို ဖြေပေးခဲ့သလိုပေါ့...။
မိခင်ဆိုတာ ဒီအတွက်ပဲ မဟုတ်ပါလား... ။

"ကောင်းကင်ကြီး ဆိုတာကို သားက ဘယ်လို
ထင်တာလည်း...ခေါင်မိုးကြီး လို့ ထင်တာ...
ဟုတ်လား...... "

"မဟုတ်ဘူးလားဟင်............ "

မျက်မှောင်လေးကျုံ့ ကာမေးလာတဲ့ ကျမရဲ့
သားလေးဟာ ဥာဏ်ကြီးရှင်လေးသာ ... ။

"မေမေတို့ ပတ်ဝန်းကျင်မှာ လေတွေ ရှိတယ်
လို့ မေမေပြောပြဖူးတယ်...မှတ်မိလား...... "

အခန်းဖြူဖြူရဲ့ ပတ်ဝန်းကျင်ကို လက်ညိုးညွှန်
ပြရင်း သားကို ကျမ မေးလိုက်တယ်... ။

The Heart of Ink (completed ) Z/UWhere stories live. Discover now