✉ အဖြူ​ရောင်​ ပန်းချီကား ✉

17.7K 358 5
                                    

' Sweet Heart ´ Cake & Cafè

"​ငါ​ပြောတာ သူ​လေ ဒီဆိုင်​ပိုင်​ရှင်​ ​မှော်​ဘ၀င်​ တဲ့ ​ကော်​ဖီ​ဖျော်​တဲ့လက်​ရာက​တော့ မင်း​လဲခံစားမိမှာပါ ပြီး​တော့ သူ့လုပ်​ထားတဲ့ cake ​လေး​တွေက ​နေ့တိုင်းစားချင်​​အောင်​ လူကိုဆွဲ​ဆောင်​နိုင်​တယ်​"

ကောင်​​လေးနှစ်​​ယောက်​ ​Sweet Heart cafè ရဲ့​ထောင့်​တစ်​​နေရာမှာ ထိုင်​ပြီး ​coffee bar မှာ ​coffe ​ဖျော်​​နေတဲ့ ​ကောင်​မ​လေးကိုကြည့်​ပြီး တီးတိုး​ပြော​နေပါသည်​။

သူတို့​ပြော​နေတဲ့​ကောင်​မ​လေးက​တော့ ပတ်​၀န်းကျင်​ကို သတိမထားအား သူ့ဘာသာ​ကော်​ဖီ​ဖျော်​တဲ့အလုပ်​ကိုလုပ်​​နေပါသည်​။

"သူကနာမည်​နဲ့လိုက်​​အောင်​ ဘ၀င်​မြင့်​သလိုပဲ"
"မင်းကဘာလို့အဲ့လိုထင်​ရတာလဲ"
"မင်းပဲကြည့်​​လေ ​ဘေးပတ်​၀န်းကျင်​​တောင်​ဂရုမစိုက်​ဘူး ​ကောင်​တာမှာ သွားမှာရင်​​တောင်​ သူကပြုံး​တောင်​မပြဘူး​လေ ​ဘေးက ၀န်​ထမ်း ​တွေကမှ ဟုတ်​​သေးတယ်​"

တစ်​​ဖတ်​က​ကောင်​​လေးက​တော့ ဘာမှပြန်​မ​ပြော သူ့​ရှေ့က Black Coffee ကိုငါတစ်​ငုံ​သောက်​ပြီးမှ။

"အဲ့တာ သူထူးခြားမှုပဲ​လေ ငါသိရသ​လောက်​​တော့ သူအရင်​ကအဲ့လိုမဟုတ်​ဘူးတဲ့ လွန်​ခဲ့တဲ့ ၅ နှစ်​​လောက်​ကမှ အခုလို ရုပ်​တည်​ကြီးဖြစ်​သွားတာလို့​ပြောတာပဲ"
"မင်းက သူ့အ​ကြောင်း​တွေသိလှချည်​လား"
"ဒီလိုပဲသိချင်​​တော့စုံစမ်းထားရတာ​ပေါ့"

နှစ်​​ယောက်​ကစကား​သာ​ပြော​နေတာ သူတို့မျက်​လုံး​တွေက​တော့ coffee bar က​နေကိုမခွာ...။

"ဘာလဲမင်းကသူ့ကို စိတ်​၀င်​စား​နေလို့လား"
"မဟုတ်​ပါဘူး...ထူးဆန်းလို့စိတ်​၀င်​စားယုံပါ ငါ့မှာ ထူး တစ်​​ယောက်​လုံးရှိ​နေတာငါကဘယ်​သူ့ကို စိတ်​၀င်​စားရမှာလဲ ပြီး​တော့ဒီအ​ကြောင်း​တွေကလဲ ထူး ကပဲငါ့ကို​ပြောပြတာ ထူး ကလဲအဲ့ဒီ ​မှော်​ဘ၀င်​ဆိုတဲ့ တစ်​​ယောက်​နဲ့ခင်​တဲ့ ဒါ​ပေမဲ့ တအားကြီးရင်းနှီးတာ​တော့ မဟုတ်​ဘူး သူလဲဒီဆိုင်​မှာလာထိုင်​ဖြစ်​ရင်းနဲ့မှ သူ့အ​ကြောင်း​တွေက သူ့အပြုအမှု​တွေထူးဆန်းလို့တဲ့"
"မင်း ​ကောင်​မ​လေးက​တော့မနိုင်​ပါဘူးကွာ ​နေရာတကာသူပါတယ်​ သတင်း​ထောက်​မို့လို့ပဲ မ​ပြောချင်​ဘူး..."
"မ​ပြောချင်​လဲမ​ပြောနဲ့​တော့ မင်းကိုသူ့အ​ကြောင်း​ပြောချင်​လို့ ဒီကို​ခေါ်လာတာ အခုချိန်းထားတဲ့ကိစ္စကအချိန်​နီး​နေပြီ သွားမယ်​"
"​အေးပါကွာ မင်းပဲအမျိုးမျိုး..."

✉ အဖြူရောင်ပန်းချီကား-အျဖဴရောင်​ပန်းချီကား ✉ [Completed-4]Where stories live. Discover now