"အေးဆေးစိမ်လိုက်။ မနက်စာ အသင့်မှာထားပေးမယ်"

လူသေစေနိုင်တဲ့အထိစွမ်းပါသော ထိုအပြုံးများဖြင့်ပြုံးပြလိုက်သော hyunee။

အင်္ကျီဝတ်ရန်ပြင်လိုက်ပြီးမှ မြည်လာသောဖုန်းသံကြောင့် အင်္ကျီကိုအသာချကာ ဖုန်းကိုင်လိုက်၏။

"အွန်း Jong"

"မောနင်း Bae"

"မောနင်းပါ"

"Wedding အတွက်ပြင်ဆင်ဖို့မမေ့နဲ့နော်"

"မေ့စရာလား ဒီလောက်အားခဲထားခဲ့ရတာကို"

"ဟားဟားဟား မသိပါဘူး ကိုယ့်Baeက မေ့များမေ့သွားပြီလားလို့"

"မေ့သွားရင် Jong ရဲ့ Bae ဘယ်ပီသတော့မလဲ မဟုတ်ဘူးလား"

"စွတ်ချွဲနေနော် တွေ့မှတစ်ခါတည်း သိမ်းကျုံးဖက်ပလိုက်မယ်"

"တော်ပါဗျာ"

"ကိုယ် သဘက်ခါလောက် ဆိုင်တစ်ဆိုင်မှာ Booking လုပ်ထားလိုက်မယ် မတွေ့တာကြာတော့ လွမ်းနေပြီ"

"ကောင်းပါပြီဗျာ"

Baekhyun အင်္ကျီလဲလိုက်ပြီး ချိတ်နှင့်လှန်းထားသော Chanyeol အင်္ကျီလေးပါ ကုတင်ပေါ်အသင့် တင်ပေးထား လိုက်သည်။

"Hyung မြန်မြန်ချိုးနော်"

"အွန်း"

မနက်စာလာပို့သောကြောင့် အပြင်သို့ထွက်ယူကာ စားပွဲပေါ်တွင်ပြင်ဆင်ပေးပြီး ကော်ဖီခွက်လေးကိုင်ကာ ပြတင်းပေါက်၏ လိုက်ကာ အားလုံးအားဖွင့်ပြီး အထပ်မြင့်အဆောင်အဦးကြီးအားလှမ်းမျှော်ကြည့်နေလိုက် သည်။

ရေချိုးခန်းထဲမှ Chanyeol မှာတော့ ပြင်ပတွင်ဘာတွေဖြစ်နေလဲမသိစွာ ပြုံးနေခဲ့သည်။

                                                                □□□□□□□□□□□

"Channie ပျော်ခဲ့ရဲ့လား"

"ဟုတ်!"

တောက်ပစွာပြုံးပြပြီး Baekhyun လက်အား ကလေးတစ်ယောက်သဖွယ်တွဲကာ အိမ်ထဲသို့ဝင်သွား၏။

"ထမင်းစားတော့မလား ဒီနေ့ ရုံးပိတ်တော့ hyung ကိုယ်တိုင်လက်စွမ်းပြထားတာ"

SQUARE [Rated]Där berättelser lever. Upptäck nu