《27》

4.4K 378 21
                                    

ကောင်ကင်ကြီးတွင်လမင်းကြီးသည် လင်းလက်သောကြယ်ပွင့်လေးများနှင့်ပျော်ပါးကာ ထိန်ထိန်သာနေ၏။

လရောင်တို့ ဖြာကျလျက်ရှိသော အခန်းထဲ၌ ခေါင်းအုံးအဖြူလေးကို တင်းနေအောင်ဖက်ကာ ကွေးကွေးလေးအိပ်ပျော်နေရှာသော လူသားတစ်ဦး။

ယခင်အချိန်များတုန်းက လှန်တင်ထားခဲ့သော ဆံနွယ်အညိုရောင်လေးသည် ယခုတွင်တော့ နဖူးပြင်၌တစ်စိုးတစ်စ ဖြာကျလို့နေ၏။

ယခင်က အနည်းငယ် ပြည့်ပြည့်ဖောင်းဖောင်းလေးရှိသော ပါးချိုင့်နက်နက်နှင့် ပါးပြင်
လေးသည် ယခုများတွင်တော့ ချောင်ကျလျက်။

တစ်ချိန်တစ်ခါက လွန်စွာမှတည်ငြိမ်၍ အငြိုးကြီးတက်လွန်းသောထိုလူသားသည် ယခုတွင်တော့ တစ်ယောက်သောသူမှလွဲ၍ ဘာမှမသိရှာသော ကလေးငယ်သာသာပင်။

ဘေးနားက ဆေးဘူးပေါင်းများစွာနှင့် ရေကယရးလေးတင်ထားသော စားပွဲလေးဘေးတွင် ဖီးနစ်ငှက်ပုံဆွဲကြိုးလေးအား ဝါကျင့်ကျင့် ဒိုင်ယာရီစာအုပ်လေးနဲ့အတူ ညှပ်တင်ထား၏။

ငြိမ်သက်နေသောအခန်းလေးအား တံခါးလေးအသာ ဟကြည့်ကာ သက်ပြင်းခပ်တိုးတိုးချကာ ထွက်သွားသော Yixing။

တစ်နှစ်ပြည့်ခဲ့ပြီ။

ပျောက်သွားသောသူသည်လဲ ရှာ၍မတွေ့ခဲ့သလို ကျန်ရှိနေခဲ့သောသူသည်လဲ ပုံမှန်စိတ်မဟုတ်ခဲ့တော့ချေ။

ဒဏ်ခတ်တာ တော်သင့်ပြီမဟုတ်ဘူးလား ဘုရားသခင်ဟုသာ အော်ဟစ်၍ အပြစ်တင်မိချင်ပါ၏။

ဝဋ်ရှိသမျှကြေပါစေ သားငယ်~

နေ့တာတိုပြီး ညတာရှည်လှသည့် ဆောင်းအခါသမယသည် မနက်ခင်းနေမင်းကြီးအား စောစီးစွာ တွေ့ရဖို့ လွန်စွာပင် ခဲယဉ်းလှ၏။

မနက်ခုနှစ်နာရီပင်ရှိသော်ငြား နေမင်းကြီးသည် ကိုယ်လုံးကိုယ်ဝါပင်မပြသေးပေ။

အလင်းရောင်များဖြန့်ကျက်ကာ တိုးဝှေ့နေသော်ငြား စူးရှခြင်းအလျှင်းကင်းမဲ့လျက်။

တစ်ဖြည်းဖြည်းနဲ့လှုပ်ရှားကာ ပွင့်အာလာသော မျက်ခွံမို့မို့သည် အားနည်းနေသယောင်။

SQUARE [Rated]Où les histoires vivent. Découvrez maintenant