《22》

4.8K 395 22
                                    

စားပွဲပေါ်ရှိ မရင်းနှီးသော အဝါရောင်ချိတ်ပိတ်ထားသည့်စာအိတ်တစ်အိတ်။

သိချင်စိတ်များကြောင့် ချိတ်အားဖောက်ကာကြည့်လိုက်မိသည်။

"နေကောင်းတယ်မဟုတ်လား.....
                                                    အာပါး"

ထိုစာတိုလေးသည် သိပ်ကိုတုန်လှုပ်သွားစေသည့်ဟန်ပင်။ Byun သူဌေးမှာ ချွေးများပြန်လာကာ ဆောက်တည်ရာမဲ့ လျက်။ ထိတ်လန့်မှု့တွေသည် မျက်နှာပေါ်၌အထင်းသား။

"အတွင်းရေးမှူး!!! အတွင်းရေးမှူး!!!"

"ဟုတ်ကဲ့ သူဌေး"

"ဒီစာအိတ်...ဒီစာအိတ် ဘယ်သူလာပို့သွားတာလဲ။ ဘယ်သူလာပို့သွားတာလဲလို့မေးနေတယ်!!!"

"ကျွန်တော်လဲ မသိပါဘူးသူဌေး။ ကျွန်တော်ရောက်ထဲက စားပွဲပေါ်မှာရှိနေတာပါ"

"အလုပ်ကိုသေချာလုပ်စမ်း!!"

"နောက် မဖြစ်စေရပါဘူးသူဌေး"

အတွင်းရေးမှူးကောင်လေးထွက်သွားပြီးမှ စာအားထပ်တစ်လဲလဲ ဖတ်နေမိသည်။

သားလား....

တစ်ကယ်လို့ သားသာ ပို့ခဲ့တယ်ဆိုရင် ဝမ်းသာရမှာမဟုတ်ဘူးလား။

အခုကြတော့ ငါ ဘာလို့ တုန်လှုပ်နေရတာလဲ။

ရုတ်တရက်ဆိုတော့ အံ့ဩသွားလို့နေမှာပါ။ဟုတ်တယ် ငါ အရမ်း အံ့ဩသွားလို့။

ဆောက်တည်မရဖြစ်နေသော သူဌေး၏မျက်နှာအား ကျေနပ်စွာ ကြည့်ရှူ့နေသော CCTV room ထဲမှကောင်လေး။

"စောင့်နေပေးပါ အာပါးရဲ့စွန့်ပစ်ခံသား Byun Baekhyun က ဘယ်လိုလူမျိုးလဲဆိုတာကို"

                                                               □□□□□□□□□

"Hyunee လေး ဒီနေ့ ကျောင်းမှာ အားလုံးအဆင်ပြေခဲ့ရဲ့လား"

အိမ်ထဲဝင်လာလျှင်ပင် အပေါက်ဝမှ ဆီးကြိုကာမေးလေသော Hyung။

အသာပြုံး၍ ခေါင်းငြိမ့်ပြလိုက်တော့ ခေါင်းပေါ်မှဆံစများအား ထိုးဖွလေသော hyung။

"ဗိုက်ဆာရောပေါ့ ကိုယ်လက်ဆေးပြီး ဆင်းစားလိုက်နော် အဆင်သင့်ပြင်ခိုင်းထားတယ်"

SQUARE [Rated]Where stories live. Discover now