《34》

4.2K 359 48
                                    

(34)
ရင်ခွင်ထဲဝယ်အိပ်စက်နေသော ရူးလောက်အောင်ချစ်ရသည့် ချစ်ရသူအားကြည့်ရှု့နေမိသည်။

ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းက နာကျင်နေသော်ငြား ကျေနပ်ပီတိဖြစ်လျှက် အရူးတစ်ယောက်လို ပြုံးနေမိသည်။ လွန်ခဲ့သောအတိတ်မှာရော အခုလက်ရှိမှာပါကျွန်တော်သူ့ကိုပိုင်ဆိုင်နေရသည်။ အချိန်အတိုင်းအတာ တစ်ခု လျစ်ဟာနေခဲ့သည်မှလွဲ၍။

သတိတို့သည် တစ်ချက်တစ်ချက်ပြန်ကပ်လာသည်အား ခံစားမိ၏။

မလှပခဲ့သော အတိတ်တို့သည် ပြန်လှည့်လျှင်တောင် အကျိုးတစ်စက်မှမရှိ။

လက်ရှိအနေအထားအားပို၍နှစ်ခြိုက်မိ၏။

နာကျင်စရာအတိတ်တို့အား မှတ်မိခြင်းနည်းပါးသလို ကျွန်တော်သည် အတိတ်များနှင့် မသက်ဆိုင်သော လူတစ်ယောက်ဖြစ်လို့နေခဲ့ပြီ။

မမှတ်မိချင်တော့ပါ။

Hyunee ရှိရင် အရာရာအဆင်ပြေပါပြီ။

နွေးထွေးသွားသောမေးအောက်ဖျားလေးကြောင့် ရင်ခွင်ထဲအားငုံ့မိုးကြည့်လိုက်ရာ မျက်လုံးမှိတ်လျှက် အနမ်းများဖြင့်မိတ်ဆက်လေသော hyunee။

"မောနင်း hyung"

အက်ရှရှအသံလေးသည် ချိုမြိန်မှု့အားဆောင်ကြဉ်းလေ၏။

"မောနင်းhyunee"

"ထတော့လေ hyung~ မနက်စာစားပြီးဆေးသောက်ရအောင်"

ရင်ခွင်ထဲကထွက်ကာ ခါးနားအထိလျှောကျသွားသော စောင်၏အောင်တွင် Chan ဆိုသော သေရာပါ ဆေးစက်တို့ သည်အလွန်ပင်လှပလျှက်ရှိသည်။

Bathrobe တစ်ထည်အားခြုံကာ ရေချိုးခန်းထဲသို့ဝင်သွားသော Hyunee အားလိုက်ကြည့်နေမိ၏။

လိုက်ကာစအားအသာဆွဲလှပ်ထားသည့် ပြတင်းပေါက်သည် စိတ်ကြည်နူးဖွယ် ရှု့ခင်းအချို့ကိုပြသလျှက်။ ရေကျသံတွေရပ်စဲသွားပြီးနောက် မျက်နှာဖွေးဖွေးပေါ်တွင် ရေမှုန်များခိုတွဲလျှက် ထွက်လာသော hyunee။

"ရေစပ်ထားခဲ့တယ် hyung"

လက်ကနေဆွဲထူကာ Bathrobe အားသေချာ ကြိုးချည်ပေးပြီး ရေချိုးခန်းဆီသို့ အရောက်ခေါ်သွား၏။

SQUARE [Rated]Donde viven las historias. Descúbrelo ahora