《23》

4.7K 375 12
                                    

"လေးငယ် ဘယ်လိုတွေ ရှုပ်ထွေးကုန်ရတာလဲ"

Yixing ရုံးခန်းထဲသို့ ပြာပြာသလဲဝင်လာသော Chanyeol မှာ တစ်ခုခုအား သိချင်ဇောအပြည့်ဖြင့်။

"ဟိုဘက်က အရင် တရားစွဲတာ Chanyeol"

"ဟာ! သူက ဘာတွေမှန်နေလို့ တရားစွဲရတာလဲ"

"အုပ်ထိန်းခွင့်ပြန်တောင်းခံတယ်လို့ပဲ ခေါင်းစဉ်ရှိတာ သူ့မှာမည်မည်ရရနဲ့ လက်ဆုပ် လက်ကိုင်ပြစရာဘာမှမရှိဘူး"

"ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ လေးငယ်"

"တရားရင်ဆိုင်ကြတာပေါ့ သူတောင်မိုက်ရဲသေးတာပဲ လေးငယ်တို့လဲ အဆုံးထိသွားကြတာပေါ့"

"ကျွန်တော် Hyunee ကိုတော့ ပြန်မပေးနိုင်ဘူး လေးငယ်။ Hyunee မရှိရင် သားသေသွားမှာ"

"အင်းပါ သားငယ်ရယ် လေးငယ်တို့ အကောင်းဆုံးကြိုးစားကြမယ် ဟုတ်ပြီလား"

Yixing အခုမှ လွန်စွာချစ်တက်နေသော တူဖြစ်သူအားကြည့်ကာ ဝမ်းသာပီတိဖြစ်မိပါ၏။

အမှန်တရားတွေက အရင်ထဲက ဖွင့်ဟခဲ့ရင်ကောင်းသား။ အခုတော့ အနည်းငယ်တောင် နောက်ကျနေလိုပင်။သို့ပေမယ့် တူဖြစ်သူမှာချစ်တက်လွန်းနေ၍ခက်နေသည်။

အရင်ထဲက Baekhyun ကိုနာအောင်လုပ်ပြီးရင် ပြန်ပြန်စိုးရိမ်တက်တာကို ဖုံးဖိထားရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ။

အခုများတော့ သူမဟုတ်သည့်အလား။

ငုံထားမတက်၊ မျက်စိအောက်ကကိုအပျောက်မခံပါလား။

Hyunee လေးလဲ ရှိနေတဲ့သံယောဇဉ်လေးထက်ပိုပြီး ချစ်နိုင်ခဲ့ရင် ကောင်းမယ်။

အချစ်စစ်မှန်ရင်တော့ တန်ပြန်မှာပါလေ။

Yixing လဲ သက်ပြင်းလေးချကာ အရှေ့က ကော်ဖီခွက်အားယူကာ တစ်ငုံသောက်လိုက်၏။

Baekhyunee လေး ဆေးရုံရောက်သွားထဲက Bejing မပြန်တာအတော်ကြာရောပေါ့။ ကိစ္စတွေပြီးရင်တော့ ကလေးတွေနဲ့အတူ စိတ်ပြေလက်ပျောက်ခရီးလေးထွက်ဖို့ စီစဉ်ဦးမှပါလေ။

                                             
"ဘာတဲ့လဲ ရှေ့နေမင်"

"တရားရုံးကဆင့်ခေါ်စာပို့ပြီးပါပြီ၊ သူတို့ဘက်ကလဲ တရားပြန်ရင်ဆိုင်မယ့် အနေအထားပါ သူဌေး"

SQUARE [Rated]Where stories live. Discover now