《17》

6K 475 31
                                    

ပြတင်းပေါက်ရှိခန်းဆီးဖြူဖြူများမှာ တစ်လွင့်လွင့်ဖြင့်။

လေညှင်းသည်ဆော်သွေးလျက်။

ငေးမောကာခိုနားနေသော နတ်သားငယ်သည် ငြိမ်သက်လျက်ပင်။

"Baekhyunee..."

လှည့်ကြည့်လာသော နတ်သားငယ်၏မျက်ဝန်းများသည် အေးစက်လျက်။

"ထမင်းစားရအောင်လေနော် hyung အောက်မှာပြင်ခိုင်းထားပြီးပြီ"

တစ်ခွန်းမျှမဆို တိတ်တဆိတ်ပင်ထွက်ခွာသွား၏။

ထမင်းစားပွဲတွင်ထိုင်ကာ ထမင်းစားနေသောသူလေး။

မကြာပါ မျက်နှာနုနုမှာနီရဲလျက် မျက်ရည်များဝဲလာကာ တစ်စုံတစ်ခုအားအပြင်းအထန်ခံစားနေရပုံပင်။

"Baekhyun ဘာဖြစ်တာလဲ Baekhyun "

ရေကရားကိုသာလက်ညှိးထိုးပြနေ၏။

ဖန်ခွက်ထဲသို့ရေထည့်ကာဖြင့် ပေးလေတော့ အငမ်းမရပင်သောက်လိုက်၏။

"စပ်သွားတာလား ဒီအချိုခဲလေးစားလိုက်နော်"

သူသည်ငြင်းဆန်ခဲ့ခြင်းမရှိပေ။

"စားလို့ဝပြီလား ထပ်စားဦးမလား"

ခေါင်းသာခါပြ၏။

"အင်းပါ အပေါ်တက်ပြီး နားတော့နော်"

သူလေး တိတ်ဆိတ်သွားခဲ့သည်မှာ လွန်ခဲ့သောနှစ်ပတ်က ပြဿနာများဖြစ်ပြီးနောက် ယနေ့အချိန်ထိပင်။

ခေါင်းငြိမ့် ခေါင်းခါသာပြောပြီး မည်သူ့ကိုမျှစကားမပြောတော့သလို တွေတွေလေးသာ ငေးမောနေခဲ့သည်။

တစ်ချို့သောအချိန်များဆို အမှောင်ထဲတွင် တစ်ယောက်တည်း ငြိမ်နေတက်၏။

ငယ်စဉ်က အတိတ်တို့ပြန်သတိရသွားသည်ဖြစ်၍ အိပ်မက်များကနေ လန့်လန့်နိုးနေတက်သည်။

"တောင်းပန်ပါတယ် Baekhyunee"

လွန်ခဲ့သော နှစ်ပတ်ကနေစ၍ ယနေ့အချိန်ထိ Baekhyun ၏ဖခင်သည် Baekhyun အားပြန်ခေါ်ရန် လက်လျော့မည်မဟုတ်ကြောင်းသိရှိခဲ့ရ၏။

"ငါ မင်းကို လက်မလွှတ်ပေးနိုင်ဘူး ဒါလေးတစ်ခုတော့ သိထားပေးပါ"

SQUARE [Rated]Tempat cerita menjadi hidup. Temukan sekarang