《20》

5.8K 487 20
                                    

^Hyunee လေးလာ ရင်းရင်း နဲ့ ရေခဲမုန့်သွားစားရအောင်^

^ရင်းရင်း Xingnee ရော^

^Hyunee လေးက Xingnee အတွက်ကောဝယ်ခဲ့ပေးနော် Xingnee က ဒီနားလေးကနေစောင့်နေပေးမယ်^

^ဟုတ်ကဲ့ Xingnee^

^လာ hyunee လေး လက်ကိုသေသေချာချာတွဲထားနော်^

^ဟုတ်!^

အာ့!!!

^ရင်းရင်း...hyunee နာ..နာရယ်^

မှောင်ကျသွားသောပတ်ဝန်းကျင်။

နောက်ဆုံးတွေ့လိုက်ရသည်က နီနီရဲရဲတွေကြားထဲက ရင်းရင်း။

အင့်..ကြောက်တယ် ရင်းရင်း ထားမသွားပါနဲ့ ရင်းရင်း အင့် ရင်းရင်း hyunee ကြောက်တယ်။

"Baekhyunee...Baekhyunee hyung ခေါ်နေတယ်လေ Baekhyunee"

မျက်ဝန်းထဲသို့ အလုအယက်ဝင်လာသော အလင်းရောင်တို့ကြောင့် မျက်တောင်အားခတ်လိုက်၏။

"ဘာလို့လဲဟင် ဘယ်နေရာအဆင်မပြေဖြစ်လို့လဲ hyung ကိုပြောလေ"

ကျောအားမှီစေလျက် ရေတစ်ခွက်အား ကမ်းလင့်သောသူ။

အပေါ်ပိုင်းဗလာဖြင့် ဖြစ်နေသည်မို့ လက်ရှိအခြေအနေအားပြန်လည်စဉ်းစားလိုက်ရ၏။

အားအင်များကိုအသုံးချသည့် ခရီးတစ်ခုအား နှင်ထားခဲ့သည်ပဲ။

ကိုယ်တွင်ကပ်မနေသော အင်္ကျီတို့အားညွှန်ပြမိပါ၏။

"ကိုယ် အင်္ကျီဝတ်မလို့ထလာတာ မင်းလေးက အိပ်မက်ဆိုးတွေမက်နေတယ်ထင်လို့ နှိုးလိုက်တာ ပြန်အိပ်ဦးလေ"

ခေါင်းရမ်းပြလေတော့

"တစ်ခုခုစားတော့မလား ကိုယ်ပြင်ပေးမယ်လေ"

ခေါင်းငြိမ့်ပြသည်လား ခေါင်းခါပြသည်လား ကျွန်တော်မသိတော့ပေ။

"ရေနွေးလေးနဲ့ စိမ်လိုက်လေ လန်းသွားအောင်လို့ "

သူသည် ဝတ်ပြီးသွားသော ရှပ်အင်္ကျီအား လက်ခေါက်တင်ကာပြောလေ၏။

"ပြီးရင် ဆင်းလာခဲ့နော် ကိုယ်အောက်မှာစောင့်နေမယ်"

ထွက်သွားသောသူ့အားကြည့်ကာ ရေချိုးခန်းထဲသို့ဝင်ခဲ့၏။

SQUARE [Rated]Where stories live. Discover now