《28》

4.4K 379 20
                                    

ပြာလဲ့လဲ့ရေကူးကန်ကြီး၏ ရေပြင်ထက်၌ ငြိမ်သက်စွာလဲလှောင်းနေသောကောင်လေးတစ်ဦး။

ကိုယ်ဖော့ခြင်းအတက်ပညာအား အတော်ပင်ကျွမ်းကျင်လှသောအဆင့်ပင်။ အညိုဖျော့ဖျော့ဆံနွယ်များက ရေပြင်ထက်ဝယ်ကပ်ညိလျှက် လက်ဖြူဖြူသွယ်သွယ်တို့မှာဆန့်တန်းထားလျက်ရှိသည်။

ရေပေါ်ပေါ်နေသော မျက်နှာပြင်၏ အစိတ်အပိုင်းအနည်းငယ်၊ မှိတ်ထားသော မျက်ဝန်းများနှင့် ချယ်ရီရောင်နှုတ်ခမ်းပါးလေးသည် ဆွဲဆောင်မှု့အပြည့်ဖြင့်။

မျက်တောင်တိုတိုစိပ်စိပ်လေးများလှုပ်ရှားလာချိန်မှာတော့ ဖိမှိတ်ထားသောမျက်ဝန်းများပွင့်အာချိန်တွင် အပြာရင့်ရောင်မျက်ဝန်းအိမ်တို့သည် ရီဝေဝေအကြည့်တို့အားဆောင်ကျဉ်းပေးလေ၏။

ကောင်းကင်ပြာကြီးတစ်ချက်မော့ကြည့်ကာ ဖော့ထားသောခန္ဓာကိုယ်အား ရေအောက်သို့ရောက်အောင် ဖြေလျှော့လိုက်လျှင်ပင် ခန္ဓာကိုယ်တစ်ခုလုံးသည် ရေအောက်သို့နစ်မြုပ်သွား၏။

ရေအောက်ဘက်တွင်ကူးခပ်သွားလာကာ ကမ်းသို့ကပ်နေသောခန္ဓာကိုယ်၏ ခါးအစပ်နားတွင် သေရာပါအောင် ထွင်းထုထားသော ^Chan^ ဆိုသည့်ဆေးစက်လေးသည် ယခုအထိ အသက်ဝင်တုန်းပင်။

ရေကူးကန်ဘောင်ပေါ်သို့ ခြေလှမ်းကာခိုနားလိုက်လျှင်ပင် ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာသော အဖြူရောင် မွှေးပွ Bathrobe တစ်ထည်။ ထို့အတူကမ်းလင့်လာသောတဘက်တစ်ထည်အားယူကာ ဆံစများများဖိသုတ်လိုက်၏။

"ကျေးဇူး Jong"

"Welcome bae~"

ပခုံးတစ်ဖက်တွန့်ပြကာ ညို့ငင်အားပြင်းထန်သောမျက်ဝန်းများသည် သာမာန်လူအားအရည်ပျော်သွားနိုင်သလောက် ရှေ့မှကောင်လေးသည် ပျက်ယွင်းမှု့အလျှင်းကင်းမဲ့လျက်။

သန့်ပြန့်စွာဝတ်ဆင်ထားသော အဖြူရောင် Shirt အင်္ကျီနှင့် အနက်ရောင် Jean pan သည် ထိုကောင်လေး၏ ရုပ်ရည်နှင့်ကွဲလွဲမှု့မရှိဘဲ လွန်စွာ လိုက်ဖက်လှလွန်း၏။

"လိုက်မပို့နဲ့တော့လေ ကိုယ့်ဘာကိုယ်သွားလိုက်မယ်"

"As you like bae"

SQUARE [Rated]Waar verhalen tot leven komen. Ontdek het nu