ရင်ခွင်ထဲမှဖက်ထားသော ခေါင်းအုံးဖြူလေးအား ပို၍တိုးဖက်လိုက်၏။
"မောနင်းပါ ကလေး"
ဩရှရှအသံသည် နိုးခါစမို့ ခက်အက်အက်ဖြစ်နေသော်ငြား ဆွဲဆောင်မှု့အလွန်ရှိလှ၏။
"မျက်တောင်တိုတိုစိပ်စိပ်လေး~
ပြီးတော့ ပန်းနုရောင်ပါးမို့မို့လေး~
ဟောဒီက အချိုမြိန်ဆုံးသော ချယ်ရီရောင် နှုတ်ခမ်းပါလေး~ဟိဟိ ကိုယ့်ကလေးက အိပ်နေတာတောင် အတော်ချစ်ဖို့ကောင်းတာပဲကွာ"
တစ်ကယ်တော့ရင်ခွင်ထက်မှာ အဖြူရောင် ခေါင်းအုံးလေးသာ။
လှုပ်ခတ်နေသောမျက်တောင်လေး။
"ဟိတ်!! လူဆိုးလေး နိုးနေရက်သားနဲ့ မထဘူးဟုတ်လား"
*ခိခိ*
"ဟော လှောင်တယ်ပေါ့ ဟုတ်လား"
*ဟားဟား ယားတယ်လို့*
"ကြောက်ပြီလားပြော"
*ဟင့်အင်း!!! မလာနဲ့ မလာနဲ့ဆို!!! "
မျက်ဝန်းနီရဲရဲကြီးနဲ့ကိုယ့်ကိုမကြည့်ပါနဲ့ကလေးရာ။
"ကလေး...ကလေး ဟင့်အင်းမသွားရဘူး ပြန်လာခဲ့ပါ ပြန်လာခဲ့ပါဆို အား!!!!!!!"
အော်ဟစ်သံတွေကြောင့် Yixing အခန်းတံခါးကို သော့အပိုတစ်ချောင်းကိုင်ကာ ပြေးဖွင့်မိပါ၏။
"Channie..."
"အား!!!!"
နီညိုရောင်ကောဇောထက်၌ နားနှစ်ဖက်ပိတ်ကာ အသံကုန်အော်ဟစ်နေသော Chanyeol ။
"သားငယ် "
ပွေ့ဖက်ကာ ချုပ်ထားလိုက်မိပါ၏။
"မခေါ်သွားပါနဲ့နော် Hyunee ကို ကျွန်တော့်စီပြန်ပေးခဲ့ပါနော် မခေါ်သွားပါနဲ့လို့"
"သားရယ်"
ရင်ခွင်ထဲအား ဆွဲဖက်ကာ ကျောပြင်လေးအားအသာပွတ်သပ်ပေးလိုက်တော့ တစ်ရှုံ့ရှုံ့ဖြင့်ရှိုက်ငိုလေ၏။
လဲလျောင်းကာ အော်ဟစ်ခဲ့သည့် နံဘေးတွင်တော့ hyunee လေးဟုထင်မှတ်နေသော ခေါင်းအုံးဖြူဖြူလေးမှအပ မည်သည်မျှမရှိခဲ့ပါချေ။
YOU ARE READING
SQUARE [Rated]
FanfictionIf you are falling in love Hope you will suffer ^အခ်စ္အားခံစားျခင္း^ Mature !!! ☑️Unicode [error မစစ်ဆေးရသေး]