"Hyung..... Hunအတွက်​​ရော "
Sehunက နှာ​ခေါင်းရှုံ့ရင်း မ​ကျေမနပ်​ သူ့အတွက်​ကို ​မေး​လာသည်

"အဟမ်း...အဟမ်း...မျက်​နှာ​တွေ အရမ်းလိုက်​​နေပါပြီ​နော်​...Oh Sehun မင်းက
အလိုက်​သိစမ်း..."
ပြုံးစိစိ မျက်​နှာ​ပေးနဲ့ Chanyeolက Sehunကို လှမ်းကြိမ်းသလိုလိုနဲ့ Kyungsooကိုစ​နေတယ်​...

Kyungsooက ​ခေါင်းကို ငုံ့ထားရင်း...
"Jonginက ​ခေါင်းမကြည်​ဖြစ်​​နေမှာ စိုးလို့ပါ "လို့ ခပ်​တိုးတိုး ​ဖြေရှင်းပြီး
ကိုယ်​​နေရာကို ဝင်​ထိုင်​လိုက်​တယ်​....

Jonginက ဘာမှ ဝင်​မ​ပြောပဲ
Kyungsooချ​ပေးထားတဲ့ ထမင်းအစုံ​ကြော်​ပူပူကို တစ်​ဇွန်းခြင်း မှုတ်​ကာ စား​နေတယ်​..

Jonginမှ စားလို့အဆင်​​ပြေရဲ့လားလို့
ဂရုတစိုက်​ Kyungsooကြည့်​​နေရတာနဲ့
ကိုယ့်​ဘာသာကိုယ်​​တော့ ဘယ်​လိုစား​နေမိမှန်း Kyungsooမသိဘူး...

"​တော်​​သေးတယ်​ ငါ ​နေ့လည်​စာပဲ စားရ​တော့မယ်​ထင်​​နေတာ "

စား​နေရင်းက Chanyeol က ပြုံးရင်း ​ပြောသည်​...

"ဟုတ်​တယ်​ Baekhyun ​Hyungလေ
မနက်စာ​ဝင်​ချက်​​နေတာ​ ဘာစိတ်​ရူး​ပေါက်​တာလဲပဲ စ​ကေး​တွေက သိ​နေတာမို့ Chanyeol Hyungနဲ့ နှစ်​​ယောက်​သား
ထွက်​​ပြေးလာခဲ့တာ "

"မ​နေ့က Suho hyungက Kyungsooနဲ့ Jonginနှစ်​​ယောက်​ ကွန်​ဒိုမှာ အိပ်​တယ်​ ဆိုတာ​ပြောခဲ့တာကို ပြန်​သတိရမိပြီး ဒီထွက်​လာခဲ့တာ..မှန်​သွားတယ်​ "

နှစ်​​ယောက်​သားက အတိုင်​အ​ဖောက်​ညီညီ​နဲ့
ပြော​နေကြတာ.....
Jonginဆိုတာ ​ပေါက်​ကွဲချင်​​နေပြီ.....
Hyungနဲ့ မ​ခေါ်လို့တာ

Baekhyun Hyung ချက်​ထားတာ မစားချင်​တာများ အပြင်​မှာဆိုင်​​တွေ ဒီ​လောက်​များတာ ဝင်​စားပါ​တော့လား....
အလကား​....Hyungက Jonginအတွက်
ချက်​​ပေးထားတာ​တွေ လာဂုန်းဆင်းကြတာ...

Hyungက Jonginအတွက်​ သီးသန့်​​ကြော်​​ပေးထားတဲ့ကြက်​ဥဖတ်​ကို Oh Sehun.... Park Chanyeolအမှတ်​နဲ့ ခပ်​ညက်​ညက်​ဝါး​နေလိုက်​တယ်​....

++++++++++++++++++++
စား​သောက်​ပြီး​တော့ Sehunနဲ့ Chanyeol Hyungက ပြန်​သွားကြသည်​...
တကယ်​ကို မနက်​စာလာစားကြတာ...
စားပြီးတာနဲ့ နှစ်​​ယောက်​သားက
ပြန်​​ပြေးကြပြီ....

More ThanWhere stories live. Discover now