အခ်စ္သည္သာ အချစ်သည်သာ ( U+Z ) ( Final )

2.7K 109 0
                                    

Uni..

မောင်ဝိုင်းချစ်နဲ့မောင်လေပြေသွေး တို့ရဲ့..မင်္ဂလာဧည့်ခံပွဲ....ဆိုင်းဘုတ်လေးတစ်ခု

ပွဲအတွင်းလွှင့်ပျံလာသော သီချင်းသံနဲ့အတူ အဖြူရောင်ဝတ်စုံလေး ကျွန်တော့်ဆီသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာသော ချစ်ရသူ။

မတွေးထားမိသည်က ဒီလိုလှပတဲ့ကောင်လေးက နောက်ဆုံးတော့ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာခဲ့သည်။

မိန်းကလေးတစ်ယောက် ဘဲကွဲမအဖြစ်ထင်မှတ်ထားတဲ့သူက ယောကျာ်းလေးဆိုတာသိလိုက်ရတော့ အံ့သြသွားပေမယ့်လည်း မပြောင်းလဲတဲ့ရင်ခုန်သံံကြောင့် သူ့ကိုယ်ပဲရွေးချယ်မိသည်။

ချစ်ခြင်းမေတ္တာကို ကျားမခွဲတာမဟုတ်ပဲ သူဆိုတဲ့ဖြစ်တည်မှုတစ်ခုထဲကြောင့်ပဲရွေးချယ်ခဲ့တာမို့ ကိုယ့်ရဲ့အချစ်ကို သက်သေပြနိုင်ဖို့ မင်းလေးနဲ့ထာဝရလက်တွဲခွင့်ပြုပါ ကလေး။

**

သတ်မှတ်ထားတဲ့နေရာလေးမှာ ကိုယ်အလာကို ရင်ခုန်စွာနဲ့စောင့်မျှော်နေတဲ့ ချစ်ရသူ။ အပြုံးလေးနဲ့လှမ်းကြည့်လိုက်တော့ ထပ်တူကျတဲ့အပြုံးတစ်ခုကို လက်ခံရရှိလိုက်သည်။

မယုံကြည်နိုင်သေး သံဃောဇဉ်တွေတိုးလာတဲ့အခါ ရင်ခုန်သံတို့ကပေါက်ဖွားခဲ့ပေမယ့် ကိုယ့်အကြောင်းကို သူများသိသွားရင် စွှန့်ခွာသွားမလားဆိုတဲ့စိတ်ကြောင့် ကြောက်ရွံ့ခဲ့ဖူးသည်။

ဒါပေမယ့်လည်း ဒီလူသားက ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံပေးပြီး ချစ်ပေးတာကြောင့် ဒီလူသားကို နောက်ဆုံးတော့ပိုင်ဆိုင်ခွင့်ရခဲ့ပြီ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့အတိတ်ဆိုးတွေကို ခင်ဗျားရဲ့အချစ်တွေနဲ့ဖေးမပေးခဲ့လို့။ ကျွန်တော်တက်နိုင်တာကတော့ ခင်ဗျားအနားမှာ အမြဲထာဝရနေရင်း သက်သေပြနိုင်တာလေးတစ်ခုပင်။

*

*

" ဟုတ်ကဲ့ သတိုးသားနှစ်ယောက် အကြင်နာအနမ်းများ ပေးနိုင်ကျပါပြီ"

စကားသံနောက်ရှက်ရွ့ံစွာနဲ့ငုံ့ဆင်းသွားသော မျက်နှာလေးကိုပင့်တင်ရင်း

အခ်စ္သည္သာ  အချစ်သည်သာ ( U+Z)  ( Completed)Where stories live. Discover now