အခ်စ္သည္သာ အချစ်သည်သာ ( U+Z) ( ၈ )

2.3K 122 3
                                    

Uni...

မမက်တာကြာပြီဖြစ်တဲ့ အိပ်မက်အခုရက်ပိုင်း ပြန်မက်လာခဲ့သည်။ အထူးသဖြင့် ၀ိုင်းချစ်ရဲ့ဖွင့်ပြောတာကို ခံရပြီးနောက်ပိုင်းပေါ့။ တိမ်းစောင်းချင်နေသောနှလုံးသားကို ဥပက္ခာပြုရင်းနေနေခဲ့သည်။

မတော်လို့များ ကိုယ့်ရဲ့အတိတ်နဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကို သိသွားခဲ့ရင်များဆိုတဲ့စိတ်။ လက်လွှတ်ဖို့ခေါင်းက စဉ်းစားနေပါသော်လည်း ဖမ်းဆွဲဖို့စိတ်ကူးမိတဲ့နှလုံးသားက အချက်ပြနေသည်။

"အင်း..အားးး.."

" နိုးလာပြီလား စွာတေး ဟို သက်သာရဲ့လား ဟင်"

" ဟင်..မင်း ဘယ်လို.အာ ဟုတ်သား မင်း ညထဲကပဲ ဒါနဲ့ တီတီတို့ကော"

" ဟို တီတီတို့က ပြန်လာနေပြီတဲ့"

" အော် အင်း.. ဟင် ဒါ..ဒါက"

" အာ ဟို ကိုယ်အဝတ်အစားလဲပေးထားတာ ကိုယ် တောင်းပန်ပါတယ်"

" ဒါဆို မင်း သိ သိသွားပြီပေါ့"

" အင်း..ကိုယ် တစ်ခုလောက်မေးလို့ရမလား"

" ငါ့ ဗိုက်က ဒဏ်ရာကိုလား"

" တစ်နေ့နေ့ပေါ့၊ အခုတော့ ငါ ပြန်အိပ်ချင်သေးလို့ ဟို မင်း ငါ့အနားနေပေးနိုင်မလား တစ်ကယ်လို့ မင်း အဆင်မပြေရင်လည်း"

" ရတယ်.ကိုယ် နေပေးနိုင်တယ်"

" ဟမ်း..အင်း..ဒါဆို ခဏလောက်နေပေးပါ"

" စွာတေး သဘောပါ"

" ကျေးဇူးတင်ပါတယ်"

" ဟင့်အင်း မလိုပါဘူး"

သူ့ရဲ့ခက်ထန်မှုတွေ၊ အဝတ်တွေကို ခပ်ပွပွဝတ်တက်မှုတွေကို တစ်အိမ်ထဲနေနေပြီး စွာတေးရဲ့ဖြစ်တည်မှုကို မသိရလောက်အောင်ထိ ကိုယ်က စွာတေးအပေါ် ဂရုမစိုက်မိတာလား။ အလေးမထားမိတာလားမသိ။

ကိုယ့်ရဲ့စိတ်ကို တစ်ညလုံးဆန်းစစ်ကြည့်ပြီးပြီ။ အဖြေကရိုးရိုးရှင်းရှင်းလေးသာထွက်လာသည်။ စွာတေးကို ချစ်သည်။ ကျန်တာကတော့ စွာတေးရဲ့သဘောအတိုင်းနာခံရုံ။

ဒါပေမယ့်လည်း ဖြူလွလွအသားရည်မှာ တစ်ထွာလောက်ရှိတဲ့ ချုပ်ရိုးကြောင်းကြီးကထင်းကျန်နေသည်။ သူ ဘယ်လောက်တောင်ခံစားနေခဲ့ရမလဲ။

အခ်စ္သည္သာ  အချစ်သည်သာ ( U+Z)  ( Completed)Where stories live. Discover now