အခ်စ္သည္သာ အချစ်သည်သာ ( U+Z)( ၁ )

4.1K 197 7
                                    

Uni...

၀ိုင်းချစ်။

Lucky Co.ltd သူဌေးဦးမာန်ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ ၀ိုင်းချစ်။ ငယ်ငယ်လေးထဲက မိခင်မရှိတော့ပဲ သူဌေးဦးမာန်ရဲ့ ဖူးဖူးမှုတ်ခြင်းခံထားရသော ဖတစ်ဆိုးသားလေးဆိုလည်းမမှားပေ။

ရုပ်ကလေးဖြောင့်သလို ဝတ်တတ်စားတက်တာကြောင့် ကြွေသူတွေရှိပါသော်လည်း မွေးထဲကစပ်ဖြဲဖြဲစရိုက်ကိုပိုင်ဆိုင်ထားသလို၊ ညဏ်လေးကလည်း ကာလာစုံတက်တာမို့ ရုပ်လေးနဲ့မလိုက်စွာ ရှောင်ဖယ်သူတွေများလှသည်။

သူကိုယ်ရှောင်ဖယ်သူတွေများလို့ သူ့အကျင့်တွေကို နောင်တရပြင်ဆင်တဲ့အထဲမှာ ၀ိုင်းချစ်တို့မပါဝင်ခဲ့။ နောင်ဘုရားပွင့်လို့ တရားဟောရင်တောင်မှ ညဏ်ကာလာစုံနဲ့ ရှောင်ထွက်သွားမည့်လူမျိုးပင်။

ညဏ်ဆိုးလေးတွေများလို့ ရှောင်ဖယ်သူတွေရှိလည်း ဒါတွေကို ၀ိုင်းချစ်တို့ဂရုမစိုက်။ သူဂရုစိုက်တာ သူ့အဖေတစ်ယောက်ပဲရှိသည်။ ကြောက်လို့တော့မဟုတ်။ အသက်လေးဆယ်အရွယ်အဖေအား အိမ်ထောင်ချပေးရန်သာ။

အသက်အရွယ် ငယ်သေးတာမို့ လူကြီးတစ်ယောက်အနေနဲ့ ဘုရားသွားကျောင်းတက်ရှိရမည်။ ဆေးပေးမီးယူနိုင်တဲ့သူလည်းရှိရမည်။ နောက်တစ်ခု သူရဲ့ဗရုတ်ကြတဲ့ဒဏ်ကိုလည်းခံနိုင်ရမည့်လူဖြစ်ဖို့တော့လိုအပ်သည်။

တစ်ခါတစ်လေ လူတွေကခက်တယ်။ ကျောင်းပိတ်ရက်တွေဆို မနက်ခင်းစက်ဘီးလျှောက်စီးမယ်။ ပတ်ဝန်းကျင်ကအနေအထားတွေကိုလေ့လာမယ်။ ပုံပစ်၊ ဂျင်ပေါက်၊ ပိုကီမွန်ဆော့တာတွေ့ရင် ဝင်ဆော့မယ် ဒီအချက်တွေကို တက္ကသိုလ်တက်နေတဲ့လူတစ်ယောက်က ကလေးငယ်တွေနဲ့မဆော့ရဘူးဆိုတဲ့ဥပဒေများရှိသလားလေ။

လူကောင်လေးမဆိုစလောက်ကြီးနေပေမယ့် ဆော့လို့အနိုင်ရရင် ညစ်ချင်နေတဲ့ကလေးငယ်တွေမှတစ်ပုံကြီး။ ဒါတွေကို သူတို့ကမသိ ရန်ဖြစ်ရင် ဒီလူ့ကိုပဲအပြစ်ဖို့တော့ နောက်ဆုံးဒီလူပဲနာမည်ကြီးသည်။

စိတ်ပါရင် သိသိမသိသိဝင်ရောတက်လို့ ပြသနာလေးတွေနည်းနည်းတက်တယ်၊ အမြင်မတူတော့သူတို့အမှားက ကိုယ့်အမှားပဲဖြစ်သည်မို့ လူကိုယ်သမုတ်ကြသည်။ ငမွှေထိုးတဲ့။ ထားပါလေ၊ မြို့မေတ္တာပို့သတာကိုခံယူသားပေမို့။

အခ်စ္သည္သာ  အချစ်သည်သာ ( U+Z)  ( Completed)Where stories live. Discover now