အခ်စ္သည္သာ အချစ်သည်သာ ( U+Z ) Intro

7.6K 208 5
                                    

Uni...

အချစ်သည်သာ....

အချစ်ကို သူဆိုတဲ့အသိတစ်ခုနဲ့တင် ရွေးချယ်ခဲ့တာမို့ နောင်တဆိုတာ ဟိုးအဝေးဆုံးမှာ။

၀ိုင်းချစ်။

မိတဆိုးလေးမို့ ဖခင်ရဲ့အလိုက်လိုက်ခံထားရတဲ့သားလေးက ပြောင်စပ်စပ်မျက်နှာဘေးကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့အပြင်၊ ဆိုးချင်တိုင်းဆိုးနေတာမို့ တစ်ကျောင်းလုံးက ချစ်စနိုးနဲ့အမည်တွင်စေတယ်၊ ငမွှေထိုး ဟူ၍။

**//**

လေပြေသွေး။

ယောကျာ်းလေးတစ်ယောက်ဖြစ်ပါရဲ့နဲ့ အမေဖြစ်သူဆီက အမွေအဖြစ် လက်ခံရရှိလိုက်ရတဲ့ မိန်းကလေးမျက်နှာကြောင့် Tom တစ်ယောက်အဖြစ်ထင်ခံရမြဲ။ ထိုအရာကပင် ဖျောက်ဖြတ်ပစ်မရတဲ့အတိတ်တစ်ခုဖြစ်စေခဲ့လို့ မိမိရဲ့အားနည်းချက်ကိုကာကွယ်ရန် လေ့ကျင့်ထားတဲ့ ခါးပတ်နက်ကြောင့် အနည်းငယ်တော့ လက်ပါတက်တဲ့ စွာတေးလေး။

**//**

ကဗျာ။

ဖူဂျီမှန်ရင် ယောကျာ်းလေးတိုင်းကို လိုက်ဖက်စွာနဲ့ Ship တက်ရမည်။ ကိုယ်သာ ယောကျာ်းမရရင်နေပါစေ။ ကိုယ့်ရဲ့ကလေးတွေအတွက်တော့ ရှိရမည်မို့ လိုက်ဖက်မယ်ထင်တာနဲ့ ပေး Ship လိုက်တဲ့ကောင်မလေးတစ်ဦး။

**//**

၀ိုင်းချစ်နာမည်နဲ့လိုက်ဖက်စွာ ခေါ်တွင်ထားတဲ့ ငမွှေထိုးရယ် လေပြေဆိုတဲ့ နာမည်နောက် အမြဲတမ်းမုန်တိုင်းထန်စေတဲ့ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကတော့ အကြောင်းမလှ။

**//**

အချစ်မှာ အဆင့်အတန်းခွဲခြားကြေးဆိုရင် ကျန်စစ်သားနဲ့မဏိစန္ဒာတို့ ချစ်ခြင်းမရှိခဲ့နိုင်။

ရုပ်ရည်ခွဲခြားကြေးဆိုလျှင် မင်းကုသနဲ့ပပဝတီတို့ရဲ့ ချစ်မေတ္တာကလှောင်ရယ်နေလိမ့်မည်။

အသက်အရွယ်လိုက်ညှိနေမယ်ဆိုလျှင် ဓာတုကလျာနဲ့နတ်သျှင်နောင်ကို မမေ့သင့်ပေ။

ချစ်ခြင်း မေတ္တာကို ခံစားတက်လာတဲ့အခါ တစ်ခါတစ်လေ ဘာမှမစဉ်းစားပဲ နှလုံးသားရဲ့ညွှန်ရာနောက်ပဲလိုက်ကြည့်ပါ။

အခ်စ္သည္သာ  အချစ်သည်သာ ( U+Z)  ( Completed)Where stories live. Discover now