အခ်စ္သည္သာ အချစ်သည်သာ ( U+Z)( ၃ )

2.8K 131 0
                                    

Uni...

" တီငယ် သားကို မုန့်ဖိုး"

အော် ကိုမာန်ရယ် ကိုမာန့်သားလေးက ကိုမာန်နဲ့တူလို့လားမသိဘူး၊ ချောလိုက်တာ၊ အစ်ကို့သားတောင် ဒီအရွယ်ရောက်နေပြီပဲ၊ ကိုမာန်တစ်ယောက် မိန်းမနဲ့သားနဲ့ဆိုတော့ ငယ့်ကို သတိမှရသေးရဲ့လားမသိ။

" တီငယ်!!!!!!!"

" အမလေး လေပြေရယ် လန့်တာမှပဲ တစ်ကယ်ပါပဲ"

" သားခေါ်နေတာ တီငယ်မှမကြားတာ ဘာတွေဒီလောက်တွေးနေရတာလဲ"

" အဟင်း..ဒီလိုပါပဲ.ဒါနဲ့ လေပြေ မနေ့က သားခေါ်လာတဲ့ကောင်လေးကို သိလား"

" မသိပါဘူးဆို တီငယ်ရာ စက်ဘီးနဲ့တိုက်မိလို့သာ အိမ်ခေါ်လာတာ သား သူ့ကိုသိပ်ကျေတာမဟုတ်ဘူး"

" အေးပါ ဟုတ်ပါပြီ ပြောကာမှပဲ..ရော့ မုန့်ဖိုး နောက်ပြီး ကဗျာ့ကိုလည်း ဝင်ခေါ်သွားဦးနော်"

" သား သိပါတယ် တီငယ်ရာ တာ့တာ"

" အေးအေး ပြသနာရှာမလာနဲ့နော်"

အပျိုကြီးတွေဆိုတာ အဲ့လိုပဲ အချိန်နေရာမရွေးပွားလိုက်ရမှ။

//**//

ကလင် ကလင်

" လာပြီ လာပြီ ဘဲကွဲမရဲ့ တီးမနေနဲ့တော့.."

" ကဗျာမ"

" ဟယ် ကြည့်စမ်း ငါ့ သူငယ်ချင်းလေး ဒီနေ့အရမ်းချစ်ဖို့ကောင်းနေပါလား အူ...မွ"

အသံကနောက် အရင်ဆုံးထော်တက်လာသော နှုတ်ခမ်းကိုလျှင်မြန်စွာပိတ်လိုက်ရသည်။ သူမို့ ယောကျာ်းလေးတစ်ယောက်ကို အတင်းလိုက်နမ်းရဲတယ်။

" ကဗျာ နင့်ကို အဲ့လိုမခေါ်နဲ့လို့ ငါပြောထားတယ်လေဟာ"

" အေးပါဟာ နင်မကြိုက်ရင် မခေါ်တော့ပါဘူး Uke လေးရယ်"

" ဘောကို Uke"

" နင့်မှာရှိတာ ငါသိပြီးသားမို့မကြွားလည်းရတယ် ဟဲဟဲ"

" ဒီဖေ..မိန်းကလေးဖြစ်ပြီး နင်လေ မပြောရဲတာဘာမှမရှိဘူး"

" အမယ့် ငါ့ကျမိန်းကလေးတဲ့ နင်ကျတော့.."

" တော်စမ်း..အဲ့စကားတွေကို ငါတော်တော်မုန်းနေပြီ..မနေ့ကတစ်ယောက်လိုမဖြစ်ချင်ရင်"

အခ်စ္သည္သာ  အချစ်သည်သာ ( U+Z)  ( Completed)Where stories live. Discover now