အခ်စ္သည္သာ အချစ်သည်သာ ( U+Z) ( ၄ )

2.3K 118 0
                                    

Uni..

စာသင်နေပေမယ့်လည်း စာထဲစိတ်မဝင်စား စွာတေး နေမကောင်းတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ နားပါပြောသော်လည်း ဘယ်လိုမှပြောလို့မရ၊ တော်သေးတာတစ်ခုက တီငယ်က အသွားအပြန်အကြိုအပို့လုပ်နေလို့ပေါ့။

မနက်တိုင်းကျောင်းရှေ့မှာ စောင့်ခေါ်ကာအတန်းထဲလိုက်ပို့ပေးနေကြမို့ စိတ်ပူတာသက်သာရသော်လည်း ဒီနေ့မှ မျက်နှာလေးက ပိုအားနည်းနေသလိုပင်။ စိတ်မချတာမို့ နေ့လည်ကျောင်းဆင်းရင်တော့ တစ်ချက်တော့သွားကြည့်ရမည်။

ကျောင်းတက်တာမကြာသေးသည်မို့ ဒုတိယအချိန်တောင်မရောက်သေးသည်မို့ ဒီအချိန်အခန်းပြင်ထွက်တဲ့သူတွေနည်းသည်။ ဒါပေမယ့်လည်း ကော်ရစ်တာရှေ့မှာ ကျောပိုးအိတ်ကိုလက်ကဆွဲရင်း ဖြတ်လျှောက်သွားသောပုံရိပ်လေးတစ်ခု။

မနက်အတန်းထဲမပို့ခင်ထဲက ဒီနေ့နားပါလို့ပြောသော်လည်း လက်မခံတဲ့ ချစ်ရသူလေး၊ စိတ်မချလို့ အိမ်သာသွားမယ်လို့ ခွင့်တောင်းရင်း သွားသွားကြည့်မိနေတာအခါခါ၊ အရင်နေ့တွေက စာလိုက်လုပ်သော်လည်း ဒီနေ့မှာတော့ရောက်ထဲက မှောက်အိပ်နေတာမို့ စိတ်မချဖြစ်နေတာ၊ အခုကျတော့လည်း..ထင်သည့်အတိုင်းပင်၊ ကဗျာလည်း ဒီနေ့ ကျောင်းမတက်။

" ဆရာမ."

" ဘာလဲ နင် အိမ်သာသွားချင်ပြန်ပြီလား..ကျောင်းတက်တာမှမကြာသေးဘူး နင်ဘယ်နှစ်ခါရှိနေပြီလဲ ဟမ်း"

" ဒီတစ်ခါ မသွားတော့ဘူး ဆရာ သား ဗိုက်အောင့်လို့ ခွင့်ယူချင်လို့"

ထိုနေရာတွင် တစ်ခြားသူတွေသာဆိုလျှင် ချက်ချင်းခွင့်ပြုမည်ဖြစ်သော်လည်း..ခွင့်တောင်းသည့်သူက ၀ိုင်းချစ်ဆိုတော့က

" ဒီမနက် အတန်းတက်ထဲက နင်ဂနာမငြိမ်ဖြစ်နေတာ ငါသိတယ်၊ နင် ဘယ်တွေသဝေထိုးဦးမလို့လဲ"

" အား..အာ့ ဆရာမ သား တစ်ကယ်အောင့်လာတာဗျ"

" အမယ် ပြောနေရင်းပဲ ချက်ချင်းအောင့်သွားတယ်ပေါ့"

အရစ်သန်လှသော ဆရာမကြောင့် ချက်ချင်းမအောင့်လို့မရ။ လှုပ်လိလှုပ်လဲ့နဲ့ထွက်သွားသော စွာတေးကို စိုးရိမ်လှပြီ။

အခ်စ္သည္သာ  အချစ်သည်သာ ( U+Z)  ( Completed)Opowieści tętniące życiem. Odkryj je teraz