အခ်စ္သည္သာ အချစ်သည်သာ ( U+Z) ( ၂ )

3.2K 165 9
                                    

Uni...

လေပြေတစ်ယောက် ခရာတေးသင်တန်းပြီးသွားခဲ့ပေမယ့်လည်း ဆရာ့ရဲ့တောင်းဆိုချက်အရ ကလေးငယ်လေးတွေကို နည်းပြပြန်လုပ်ပေးဖြစ်သည်။ အပြင်တွေလည်းသိပ့်မသွားချင်တာကြောင့် သင်တန်းကိုနီးနီးလေးပဲရွေးထားတာမို့ အသွားအပြန်စက်ဘီးသုံးဖြစ်သည်။

အိမ်ရာဝင်းဖြစ်တာကြောင့် လမ်းမကြီးတွေလိုကားအသွားအလာလည်းရှင်းသည်။ မနက်ခင်းအချိန်ဆိုတော့ အလုပ်သွားတဲ့ လူတွေတော့ရှိသလို ကိုယ်လည်းနောက်ကျနေတာကြောင့် စက်ဘီးကိုမြန်မြန်မောင်းရင်း တစ်ဘက်သို့အကွေ့မှာတော့.လူရိပ်တစ်ခု။

ကျွီ...

ဒုန်း

"အား...ဖေဖေရေ."

လူရိပ်တွေ့လို့ ဘရိတ်ကိုအမြန်ညစ်လိုက်ပါသော်လည်း နောက်ကျသွားကာ ကံဆိုးသူမောင်ရှင်းအားတိုက်မိလိုက်တော့ မြက်ဘုတ်ပေါ်မှာ မှောက်ရက်လေးသာ။

" ဒီမှာ..ဟိတ်လူ ထကြည့်ဦး ရလား အဆင်ပြေလား ဘယ်ထိသွားလဲ"

" ဟင့်..ဖေဖေရေ ကိုယ့်ဟာကိုယ် တီတူူးနေတာတောင်မှ နောက်ကနေလုပ်ကြံခံလိုက်ရတဲ့ဘဝပါလားလို့ ဟင့်"

" ဟျောင့် တီတူးတာပဲ တစ်ခြားသွားတူးပါလား"

" ဟ့..ခင်ဗျား ဘာသိလို့လဲ ဒီနေရာက တီများတယ် ဟင့်"

မှောက်လဲကျနေတာကိုမထအား သူ့ဘေးနားက တီဘူးကိုဝမ်းနည်းစွာနဲ့ကြည့်နေသောသူက ကိုယ့်ရဲ့လက်စကို မြည်းချင်နေတာများလား"

" မနက်စောစောစီးစီး တီတူးရတယ်လို့..ထကြည့်ဦး ရလားလို့"

" မရဘူးကွ မရဘူး ဒီမှာကြည့် ဒူးလည်းပြဲသွားပြီ၊ ဟင့် ငါ့တီဘူးလေးလည်းမှောက်ကုန်ပြီ ခင်ဗျား ပြန်ရော်ရမယ်"

ကျစ် သင်တန်းက နောက်ကျနေတဲ့အတူတူ သွားလို့ရတော့မည်လည်း မဟုတ်။

" ဒီမှာ မင်းဒဏ်ရာရသွားတယ်ဆိုရင် ငါ့အိမ်လိုက်လို့ရတယ် တီကတော့ မတူးပေးနိုင်ဘူး"

" တောက် မင်း စက်ဘီးကို ဘယ်လိုတွေတောင် မောင်းနေတာလဲ ..မျက်လုံး မပါဘူးလား..သူများ ဖင်လည်း လိုက်တိုက်သေးတယ် တီလည်း..."

အခ်စ္သည္သာ  အချစ်သည်သာ ( U+Z)  ( Completed)Where stories live. Discover now