အခ်စ္သည္သာ အချစ်သည်သာ (U+Z)( ၅ )

2.1K 112 0
                                    

Uni..

အိမ်ကနေထွက်ကထဲက နောက်ကတောက်လျှောက်လိုက်လာတဲ့ ၀ိုင်းချစ်။ မသိမသာလည်းမဟုတ် ရှည်လျားတဲ့အရပ်နဲ့ပြေးပြေးလိုက်လာနေတာတစ်ခြားသူတော့မသိ ကိုယ်ကတော့ကြည့်ရဆိုးချက်။

Ring Ring

" ဟဲလို..ဟာ မင်းကလည်းကွာ ငါ နေမကောင်းသေးတဲ့ကြားထဲက လာရတာကို"

**

" အေးအေး..ရတယ် ထားလိုက်တော့..ဒါဆို ဒါပဲ"

ချိန်းထားတဲ့ကိစ္စကဖြစ်မလာခဲ့။

" မင်း ငါ့နောက်လိုက်နေတာ မမောဘူးလား"

" ဟီး..တွေ့ တွေ့သွားတာလား"

" မတွေ့ရအောင် လူရှင်းတဲ့လမ်းမှာ မင်း ပုံစံကို မင်းပြန်ကြည့်လေ..တစ်ကယ်ပါပဲ"

" တောင်းပန်ပါတယ် ဟို ကိုယ်က မင်းနေမကောင်းသေးတော့ စိတ်မချလို့ပါ"

အလိုမကျလို့ပြောလိုက်တာနဲ့ လေသံကပြောင်းသွားသည်။

" ထားတော့ မင်းပြန်ရင်ပြန်တော့"

" ဟင် စွာတေး ချိန်းထားတယ်ဆိုတာကကော"

" ပြတ်သွားပြီ"

" ဒါဆို အိမ်ပြန်ရအောင်လေနော်..လေစိမ်းအတိုက်ခံလို့မရသေးဘူးလေ စွာတေးက"

" ငါ မပြန်ချင်သေးဘူး၊ တစ်နေရာသွားဦးမှာ"

" ဘယ်သွားမလို့လဲ"

" အင်း တစ်နေရာရာပေါ့"

" ဟိုလေ..ကိုယ်ပါ လိုက်လို့ရမလား"

" မင်း သဘော"

" ဟီး...ကိုယ်လိုက်မယ်နော်..နော်"

**//**

စွာတေးခေါ်လာတဲ့နေရာကတော့ ကန်ရေပြင်ကြီးတစ်ခုဆီသာ၊ အများသူဌာထိုင်လို့ရအောင် ထိုင်ခုံတွေဘာတွေတော့မရှိ။ ထိုကန်အနီးနားမှာတော့ အလေ့အကျပေါက်နေသော ဘဲဥပန်းပင်လေးများနဲ့ကန်နဖော့အပင်များသာရှိသည်။

" စွာတေး ဒီကို ဘာလို့လာခဲ့တာလဲ"

" အင်း ဘာရယ်မဟုတ်ဘူး သတိရလာလို့ပါ"

ကန်ဘောင်အစပ်မှာဒီအတိုင်းထိုက်ချလိုက်တဲ့စွာတေး။ အချိန်တော်တော်ကြာသည်အထိ တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြ။ ဘာစကားမှမပြောပဲ မျက်စိရှေ့ကဘာမှမရှိတဲ့ကန်ရေပြင်ကြီးသာငေးနေတဲ့ စွာတေးကိုပဲထိုင်ကြည့်နေမိသည်။

အခ်စ္သည္သာ  အချစ်သည်သာ ( U+Z)  ( Completed)Where stories live. Discover now