ရေငွေ့ရိုက်နေသောမှန်တွင်ပေါ်နေသော ကိုယ့်ပုံအားကြည့်ကာပြုံးမိပါ၏။

အနီရောင်ဆေးစက်တွေကို မြတ်နိုးတယ်။

ခါးထက်က တက်တူးသည်လဲ ထင်းနေ၏။

ကျေနပ်သောအပြုံးတို့အားဖန်တီးကာ ရေနွေးကန်ထဲသို့ နာရီအတော်ကြာအောင်စိမ်နေမိ၏။

မုန်လာဥနီအား ပါးပါးလှီးကာ salad ပေါ်တွင်တင်လိုက်၏။

ထို့အတူ မီးအပူပေးထားသောအသားပေါ်သို့ အဖြူရောင်ဝိုင်တို့အားလောင်းချလိုက်လျှင်ပင် ကျယ်လောင်သောအသံနှင့်အတူ ဆွဲဆောင်မှု့ရှိသော အနံလေးထွက်လာ၏။

ကြော်ထားသောအာလူးချောင်းများအား ဆီစစ်ကာ အပေါ်မှ ဆားနှင့် ငရုပ်ကောင်းတို့အား နှံ့အောင်ဖြူးလိုက်၏။

သခွားသီးအား ယူမည်ဟု လက်က ကိုင်လိုက်ပြီးမှ ပြန်ချလိုက်၏။

သူလေးမှ သခွားသီးမစားတာ။

ငယ်ငယ်တုန်းက သခွားသီးအား ထမင်းပန်းကန်ထဲ ထည့်ပေးစဉ်က အသည်းယားဖို့ကောင်းစွာ ငိုသွားခဲ့သည်ကို မျက်လုံးထဲတွင် ပြန်မြင်ယောင်လာသည်။

ကလေးဆိုးလေး~

အသုံးမလိုဘူးဆိုသောခေါင်းစဉ်အောက်အား သွင်း၍ သခွားသီးအား အမှိုက်ပုံးထဲ ထည့်လိုက်သည်။

အရွက်ကလေးအုပ်ကာဖြင့် အပြီးသတ်လိုက်သော ဟင်းပွဲ။

သူလေးအားရှိနေစေဖို့ရာ porterhouse steak လေး၊ french fries ရယ် salad ရယ် ပြီးတော့ အနီရောင် နှစ်ချို့ ဝိုင်လေး။

ပြည့်စုံသည်ဟု ကိုယ့်စိတ်ထဲတွင် အမှတ်အပြည့်ပေးလိုက်၏။

သူလေးလဲ ကြိုက်ကောင်းပါရဲ့။

ကိုယ့်အတွေးနဲ့ကိုယ်သာ တွေးရင်း ပြုံးနေမိတော့သည်။

□□□□□□□□□□□

"မင်္ဂလာပါ Zang Yixing shi"

"ဟုတ်ကဲ့မင်္ဂလာပါ ခင်ဗျာ့"

လက်ကမ်း၍နှုတ်ဆက်လာလေသော အသားဖြူဖြူနှင့်အမျိုးသားတစ်ဦး။

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ရှေ့နေ Kim Jun myeon ပါ"

"ဟုတ်ကဲ့ ထိုင်ပါခင်ဗျ အေးဆေးဆွေးနေတာပေါ့"

SQUARE [Rated]Where stories live. Discover now