I don't wanna lose you (Chaelisa) Zawgyi+Unicode

2K 158 1
                                    

#zawgyi

"Ash အသုံးမကျလိုက်​တဲ့ ငါ....."

Lisa သူ့ပါး​ပေါ် စီးကျလာတဲ့ မျက်​ရည်​​တွေကို သုတ်​ပြီး မျက်​နှာကျက်​ကို ကြည့်​ကာ ​ရေရွတ်​လိုက်​သည်

"ရူးမိုက်​လိုက်​တဲ့ငါ ဦး​နှောက်​မရှိတဲ့သူကျ​နေတာဘဲ....."

Lisa သူ့ကိုယ်​သူ အပြစ်​တင်​ကာ စိတ်​ပျက်​​နေမိသည်

အဘယ်​​ကြောင့်ဆို​သော်​ ......Lisa အ​ပေါ် သူမ လုပ်​​ပေးခဲ့သမျှကို အ​ကောင်းမြင်​​ပေးလို့ မရခြင်း....သူမနဲ့ အလိုမတူဘဲ လက်​ထပ်​ခဲ့ရတုံးက သူမကို အပြစ်​တင်​မိပြီး ဘယ်​​တော့မှ ချစ်​နိုင်​မှာ မဟုတ်​ဘူးလို့ ​တွေးမိခဲ့ခြင်း​တွေဟာ .....Lisa ကို ​နောင်​တရ​စေခဲ့သည်

ထိုင်းနိုင်​ငံမှာ အသက်​ ၂၂နှစ်​နဲ့ နာမည်​ကြီး ​မော်​ဒယ်​တစ်​​ယောက်​အဖြစ်​ ရပ်​တည်​နိုင်​ခဲ့ပြီး ​ပျော်​ရွှင်​တဲ့ ဘ၀​လေးကို Lisa သူ့အဘွားနဲ့ မ​တွေ့ခင်​အထိ ပိုင်​ဆိုင်​ခဲ့သည်

သို့​သော်​လည်း သူ့အဘွား​တွေ့​ပေးတဲ့ Park Chaeyoungနဲ့ ​တွေ့တဲ့အခါ.....

"​တွေ့ရတာ ၀မ်းသာပါတယ်​ Lisa....."

Chaeyoung ​နှုတ်​ဆက်​​တော့ Lisaမှာ မျက်​​မှောင်​ကြုတ်​ပြီး
"Yep...ငါက​တော့ နင့်​လို မဟုတ်​ဘူး....."

အဖုအထစ်​​တွေနဲ့ မင်္ဂလာ​နေ့ကို​ရောက်​​တော့လည်း လူအများကြားမှာမို့  Lisa ​ပျော်​ချင်​​​ယောင်​​ဆောင်​​နေ​ခဲ့ရသည်

မင်္ဂလာပွဲပြီး​တော့ မိသားစု ဓာတ်​ပုံရိုက်​မယ့်​အချိန်​ Lisa သူ ချစ်​သူ မိန်းက​လေး Jennieဆီ ​ပြေးသွားမိခဲ့သည်

Chaeyoungမှာ​တော့ နှစ်​ဖက်​မိဘ​ရှေ့ ပြဿနာ မဖြစ်ချင်​လို့ ဒီတိုင်း ဖာသိဖာသာဘဲ ​နေခဲ့သည်

Lisaကို အမြဲ Chaeyoung ဂရုစိုက်​​ပေမယ့်​ Lisaက​တော့ Chaeyoung ကို လျစ်​လျူရှုခဲ့သည်​....ဆိုးရွားစွာသာ ဆက်​ဆံခဲ့သည်​.......

မင်္ဂလာဦးညက တစ်​​ယောက်​တည်း အချိန်​ဖြုန်းခဲ့ရတဲ့ Chaeyoung အ​ကြောင်း ​တွေးမိပြီး Lisa စိ​တ်​မ​​ကောင်း ဖြစ်​လွန်းလို့ မျက်​ရည်​​တွေကျလာသည်​.....

Blackpink One ShotTempat cerita menjadi hidup. Temukan sekarang