holiday with my love (Chaelisa)

1K 114 3
                                    

#unicode

လိုက်ကာကြားကနေ နေရောင်ခြည်ဟာ အခန်းထဲ တိုးဝင်လာတော့ Lisa တစ်ယောက် Chaeyoung နဲ့တူတူအိပ်နေတဲ့ ကုတင်ပေါ်ကနေ နေစူးလို့ ဖြည်းဖြည်းချင်း နိုးလာသည်

Lisa အကြောဆန့်ရင်း သူမ ဘေးမှာ Chaeyoung ရှိမယ်ထင်ပြီး လှမ်းဖက်လိုက်သည်

သို့သော် သူမဘေးနားတွင် Chaeyoung မရှိပါ

"ဘယ်ရောက်သွားတာလည်း... "

Comeback ပြီးနောက် Promotion ဘာညာမရှိလို့ Lisaအိမ်မှာ Chaelisa တို့ စားသောက်ပြီး ရုပ်ရှင်အတူကြည့်ရင်း အိပ်ခဲ့ကြသည်

Lisa အိပ်ချင်မူးတူးနဲ့ သူမကုတင်ဘေးနားက စားပွဲခုံပေါ်က သူမဖုန်းကို စမ်းတဝါးဝါးနဲ့ လှမ်းယူလိုက်သည်

ထို့နောက် Chaeyoungဆီ ဖုန်းခေါ်လိုက်သည်

"Hey Baby. .."

တစ်ဖက်က Chaeyoungရဲ့ ချိုသာတဲ့အသံလေးကြားတော့ Lisa စူပုတ်နေရာက ပြုံးသွားသည်

"ဘယ်မှာလည်း ဘာလို့ အိပ်ရာထဲမရှိရတာလည်း "

"Aww ဟိုဘက်လှမ်းက Bakery ဆိုင်မှာပါ အချစ်ရ အချစ်အတွက် မနက်စာ သွားဝယ်နေတာ "

Chaeyoung ပြန်ဖြေလိုက်သည်

"Chae အခုဘဲ ပြန်လာပြီ "

"ဟင်း "

Lisaဆီက မကျေမနပ်ဖြစ်ပြီး သက်ပြင်းချတဲ့ အသံကို ကြားတော့ Chaeyoung ရယ်ပြီး ဖုန်းချလိုက်သည်

Lisa လည်း သူမဖုန်းကို စားပွဲခုံပေါ် ပြန်တင်ပြီး ခေါင်းအုံးပေါ်  မျက်နှာမှောက်ကာ တရေးတမောထပ်အိပ်ပြန်သည်

သူမ နားနားလေး ကပ်ပြီး တိုးတိုးလေး ပြောသံများနဲ့ သူမဆံပင်ကို လက်နဲ့ဖွခံရသောအခါ Lisaတစ်ယောက် အိပ်ရာကနေ နိုးလာသည်

မျက်လုံးဖွင့်ကြည့်တော့ သူမကို ပြုံးပြီး ကြည့်နေတဲ့ Chaeyoung ကို တွေ့ရသည်

"Good Morning မစိတ်တိုလေး"

Lisa အိပ်ရာက ထိုင်ထပြီး Chaeyoungကို ဆွဲဖက်လိုက်သည်

Chaeyoung လည်း Lisaကို ပြန်ဖက်ပြီး Lisa နဖူးလေးကို နမ်းလိုက်သည်

"ဒီမယ် အချစ်ကြိုက်တဲ့ croissant ဝယ်လာတယ် "

Blackpink One ShotWhere stories live. Discover now