Rose(Chaelisa) Part 1

162 15 0
                                    

နှင်းဆီတဲ့......

အိပ်ရာက နိုးနိုးချင်း ခေါင်းထဲအရင်ရောက်လာတာ အတွေးထဲအရင်ရောက်လာခြင်းက နှင်းဆီဆိုတဲ့ ဖြစ်တည်မှုပင်

မျက်နှာသစ် သွားတိုက်ခြင်း မလုပ်နိုင်သေးဘဲ စားပွဲခုံပေါ်က ဖိတ်စာပန်းရောင်လေးဘေးနားက စီးကရက်တိုလေးကို ယူကာ အခန်းထဲက ထွက်လာလိုက်သည်

ဂျောင်ဝူယောင်းနဲ့ ကင်ချယ်ယောင်းတို့၏ မင်္ဂလာ ဧည့်ခံပွဲ....

ဝရန်တာတွင် ဆေးလိပ်မီးညှိပြီး ဖွာရင်း ခြံထဲက နှင်းဆီပန်းအိုးကို
အကြည့်ရောက်မိသွားတယ်

အင်း နှင်းဆီ...နှင်းဆီ...ဆူးတွေနဲ့ နာကျင်စေတာဘဲ

မနက်စောစောထခြင်းက ယခုကဲ့သို့ စိတ်ကိုထိခိုက်နာကျင်စေမှန်း ကြိုသိခဲ့လျှင် ကလေးဘဝကတည်းက အိပ်ရာနောက်ကျမှ ထတတ်သူ တစ်ဦးဖြစ်အောင် လီဆာ လေ့ကျင့်ခဲ့မိမှာအမှန်

ရင်ထဲမှာ ဘာမှမရှိတော့သလို လစ်ဟာနေသည် ဤအရာကို ​ကြေကွဲခြင်းလို့ ဝေဒနါလို့ ခေါ်ပါသလား

ဒီဖိတ်စာကို လာပို့ကတည်းက လက်မခံခဲ့ဖို့ကောင်းတယ်

အခုတော့ ကိုယ့်ဒုက္ခကို မီးထွန်းရှာလိုက်ပြီလေ

မသွားလို့ကမဖြစ် လာခဲ့ပါမယ်လို့ ကတိကပေးထားသေးတယ်ကိုး

မိုက်မဲလိုက်တာ လာလီဆာရယ်

ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်မိပြီ

အချိန်ကြာလာရင် မေ့သွားမှာပါလေ

အင်း...အချိန်တန်ရင် အချိန်ကြာရင် မေ့သွားမယ်ဆိုပေမယ့် ခြံထဲက နှင်းဆီပန်းအိုးကိုလည်း မြင်ရော လီဆာ အရုပ်ကြိုးပျက်ဖြစ်သွားသည်

နှင်းဆီ...နှင်းဆီကို ကျွန်မ အရမ်းသဘောကျတယ် ကျွန်မ သဘောကျသလိုဘဲ သူကလည်း သဘောကျတယ်

ကျွန်မ အရူးအမူးသဘောကျသလို သူကလည်း သဘောကျတာ

အဲ့ဒီနေ့ကပေါ့.....

လီဆာရဲ့ ကားလေး ပျက်သွားလို့ ဝပ်ရှော့ဆိုင်မှာ အပ်ပြီး ဘတ်စ်စကားစီးဖို့ ကားမှတ်တိုင်ကို လီဆာ လျှောက်လာတယ်

Blackpink One ShotNơi câu chuyện tồn tại. Hãy khám phá bây giờ